0
ဒီပဲယင်း၊ မေ ၁၂၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးထိမ်းတွင်းကျေးရွာ စာသင်ကျောင်းကို မေ ၁၂ ရက် ဒီနေ့မနက် ၉ နာရီခွဲမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ပေါင် ၅၀၀ ဗုံးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
အဆိုပါဗုံးကြဲတိုက်ခိုက်မှုကြောင့် စာသင်ကျောင်းအတွင်းက ဆရာမနဲ့ ကျောင်းသားကလေးငယ် ၂၀ ကျော်သေဆုံးပြီး ၄၀ ကျော်ထိခိုက်ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။