myaelatt athan

Sharing Information to the Local

စစ်မှုထမ်းဟောင်းတွေ ပြည်သူကို စည်းရုံးကြဖို့ စစ်ခေါင်းဆောင်တိုက်တွန်း

0 3
0 3

မြေလတ်အသံ၊ မေ ၁၊ ၂၀၂၅။

စစ်မှုထမ်းဟောင်းတွေအနေနဲ့ ပြည်သူကိုစည်းရုံးကြဖို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်းပြောကြားလိုက်ပါတယ်။

ဧပြီ ၃၀ ရက်ယမန်နေ့က နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ စစ်ကောင်စီလက်အောက်စစ်မှုထမ်းဟောင်းအဖွဲ့ဗဟိုဌာနချုပ်မှာပြုလုပ်တဲ့ စစ်မှုထမ်းဟောင်းညီလာခံမှာ စစ်ခေါင်းဆောင်က အခုလိုပြောဆိုခဲ့တာပါ။

“ တပ်မတော်ရဲ့ နိုင်ငံနဲ့ ပြည်သူအပေါ်ထားရှိတဲ့ စစ်မှန်တဲ့သဘောထားများကို ပြည်သူများသိရှိရန်အတွက် တပ်မတော်တရပ်တည်း လုပ်ဆောင်ခြင်းထက် ပြည်သူများကြားမှာရှိနေတဲ့ စစ်မှုထမ်းဟောင်းများရဲ့ စည်းရုံးရေးစွမ်းရည်ကို မောင်းနှင်အားဖြင့် ထိရောက်စွာအားပြုနိုင်ရမှာဖြစ်ကြောင်း” ဆိုကာ စစ်ခေါင်းဆောင်က ပြောပါတယ်။

ဒါ့အပြင် ပြည်သူ့စစ်မဟာဗျူဟာကို အောင်မြင်စွာအကောင်အထည်ဖော်နိုင်ဖို့အတွက် စစ်မှုထမ်းဟောင်းတွေအနေနဲ့ ကြိုးပမ်းပုံဖော်ပေးသွားရမှာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

လာမယ့် ဒီဇင်ဘာလအတွင်းမှာ လွတ်လပ်ပြီးတရားမျှတမှုရှိတဲ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေးဆောင်ရွက်နေတယ်လို့လည်း စစ်ခေါင်းဆောင်က ထပ်မံ ထည့်သွင်းပြောဆိုသွားပါတယ်။

စစ်မှုထမ်းဟောင်းအများစုဟာ ပျူစောထီးတပ်ဖွဲ့ဝင်၊ စစ်ကောင်စီထိန်းချုပ်နယ်မြေတွေက မြို့နယ်၊ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တွေမှာပါဝင်နေပြီး စစ်မှုထမ်းခေါ်ယူတဲ့ ကိစ္စရပ်တွေအပါအဝင် ပြည်သူကိုနည်းမျိုးစုံနဲ့ ငွေကြေးတောင်းခံနေကြသူတွေလို့ ပဲခူးအနောက်ခြမ်းက PDF တပ်ဖွဲ့တွေက ဆိုထားပါတယ်။

စစ်မှုထမ်းဟောင်းအဖွဲ့ဝင်တွေဟာ မြို့နယ်အလိုက်မှာ ပြည်သူလူထုထံကသတင်းမျိုးစုံရယူကာ လိုအပ်တဲ့သတင်းအချက်အလက် အကူအညီအထောက်အပံ့တွေကို စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ) ထံ ပေးပို့နေတဲ့ စစ်တပ်အမာခံအဖွဲ့အစည်းဖြစ်တယ်လို့ CDM တပ်မတော်သား ဗိုလ်ကြီး ဇင်ယော်က ပြောပါတယ်။

“ စစ်တပ်ထဲ ဘယ်လို စိတ်နာခဲ့ရတဲ့အကြောင်း၊ ရင်နာခဲ့ရတဲ့အကြောင်းတွေကို ဇာတ်နာပြပြီး မဖြစ်လို့လုပ်နေရတယ်ဆိုတဲ့ ပုံစံမျိုးတွေပြောပြီးတော့မှ ပြည်သူနဲ့ လုပ်ငန်းရှင်အဖွဲ့ အစည်းတွေဆီကနေ သတင်းမျိုးစုံနှိုက်၊ သတင်းတွေတည်ဆောက်ပြီးတော့ စရဖကို ပြန် သတင်းပို့ရတဲ့အနေအထားပဲ” လို့ ပြောပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။