myaelatt athan

Sharing Information to the Local

မှုခင်းရှုထောင့်သတင်းထောက်ချုပ်ဖြစ်သူ မင်းဘူးပြည်သူ့စစ်ခေါင်းဆောင်နဲ့ အမျိုးသမီး ၁ ဦး ပစ်ခတ်ခံရပြီးသေဆုံး

0
0

ကျောက်ပန်းတောင်း၊ ဧပြီ ၂၅၊ ၂၀၂၅။

မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်အတွင်း လမ်းပိုင်းတခုမှာ မင်းဘူးပြည်သူ့စစ်(ပျူစောထီး)ခေါင်းဆောင်နဲ့ အမျိုးသမီး ၁ ဦး သေနတ်ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ Popa Guerilla Force(PGF) ထံက သိရပါတယ်။

သေဆုံးသူမှာ မှုခင်းရှုထောင့် တွဲဖက်သတင်းထောက်ချုပ်ဖြစ်သူ မင်းဘူး၊ ခလရ ၈၈ လက်အောက်ခံ မင်းဘူးပြည်သူ့စစ်ခေါင်းဆောင် အသက် ၅၅ နှစ်အရွယ် ဌေးနိုင်နဲ့ အသက် ၃၅ နစ်ဝန်းကျင် အမျိုးသမီး ၁ ဦး ဖြစ်ပြီး ဧပြီ ၂၂ ရက် ညနေ ၃ နာရီခန့်မှာ ၎င်းတို့မောင်းနှင်လာတဲ့ကားကို စောင့်ကြိုဖမ်းဆီးရာ ၂ ဦး စလုံးခုခံထွက်ပြေးတာကြောင့် အသေပစ်ခတ်ဖမ်းဆီးခဲ့ရတာလို့ ဆိုပါတယ်။

“ လာတာက မင်းဘူးဘက်ကလာတာ ဗိုလ်မှူးလာမယ်ဆိုပြီး သတင်းရတာ။ ဒါပေမယ့် ဗိုလ်မှူးမဟုတ်ဘဲ သူ့ရဲ့တပည့် ပြည်သူ့စစ်ခေါင်းဆောင်ဖြစ်နေတယ်။ ဖုန်းတွေကို စစ်လိုက်တော့ ပါလာတဲ့အမျိုးသမီးကလည်း သူရဲ့မယားငယ်ဖြစ်ဖို့များတယ်။“ လို့ Popa Guerilla Force(PGF) ဒုတာဝန်ခံ ရဲဘော်ဗျတ္တက ပြောပါတယ်။

ပုံစာ – သိမ်းဆည်းထားသည့် ကား၊ စစ်အသုံးအဆောင်များနှင့် ဆက်စပ်ပစ္စည်းများ ။
ပုံစာ – သိမ်းဆည်းထားသည့် ကား၊ စစ်အသုံးအဆောင်များနှင့် ဆက်စပ်ပစ္စည်းများ ။

တိုက်ခိုက်မှုအပြီးမှာ ၎င်းတို့မောင်းလာတဲ့ စစ်တပ်ဗိုလ်မှူးပိုင် အိမ်စီးကား ၁ စီး၊ ကာဘိုင်ကျည် ၇၉ တောင့်၊ ကျည်ဘောက် ၁ ခု၊ လက်ပစ်ဗုံး ၁ လုံး၊ Icon ၁ လုံး၊ ဓါး ၁ ချောင်း၊ ဖုန်း ၄ လုံး၊ သက်သေခံကတ်ပြားနဲ့ အခြားဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ တိုက်ခိုက်မှုဖြစ်စဉ်အတွင်း PGF ရဲဘော် ၂ ဦး (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့တယ်လို့ ၎င်းက ဆိုပါတယ်။

ဧပြီ ၁၅ ရက်မှာလည်း ပဲခူးတိုင်း၊ ညောင်လေးမြို့ကနေ ကျိုက်ထီးရိုးဘုရားကိုသွားတဲ့ ပျူစောထီးခေါင်းဆောင်နဲ့ တပည့်တွေအပါ မိသားစုဝင် ၄၀ ကျော် ကျိုက်ထိုမြို့နယ်အတွင်း ဖမ်းဆီးခံခဲ့ရပြီး အဲ့ဒီထဲကပျူစောထီးခေါင်းဆောင်အပါ ၆ ဦးကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ဆက်လက်ဖမ်းဆီးထားရတယ်လို့ သိရပါတယ်။

ပုံစာ – သိမ်းဆည်းထားသည့် ကား၊ စစ်အသုံးအဆောင်များနှင့် ဆက်စပ်ပစ္စည်းများ ။

သတင်း – မောင်ဆွေအင်း ၊ စာတည်း – ဟိန်းစံ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။