myaelatt athan

Sharing Information to the Local

Updated – သပိတ်ကျင်း၊ ရေထွက်ရွာ စက်သုံးဆီဆိုင်တွေအနီး လေယာဥ်ဗုံးထပ်ကြဲခံရလို့ ကလေးတွေအပါ လူ ၂၀ ကျော် သေဆုံး

0
0

◼၂ ရက်အတွင်း လေယာဥ်ဗုံးကြောင့် သပိတ်ကျင်းနယ်ကျေးရွာ ၂ ရွာက လူ ၄၀ နီးပါး သေဆုံးထား

မြေလတ်အသံ၊ ဧပြီ ၁၉၊ ၂၀၂၅။

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ရေထွက်ရွာကို စစ်ကောင်စီတပ်က လေယာဥ်ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် နောက်ဆုံးသိရတဲ့ သတင်းအချက်အလက်တွေအရ ကလေးငယ်တွေအပါ ၂၄ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဧပြီ ၁၉ ရက် ဒီကနေ့ နေ့လယ် ၁ နာရီကျော်မှာ ရေထွက်ကျေးရွာကို လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး လေယာဥ်ဗုံးဟာ စက်သုံးဆီဆိုင်တွေအနီးကျရောက်ပေါက်ကွဲကာ စက်သုံးဆီဆိုင်တွေပါ ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့တာလို့ ဆိုပါတယ်။

” ဓာတ်ဆီဆိုင်နားကို ကြဲသွားတာ။အဲဒီဆိုင်တွေကလည်း ပေါက်ကွဲထွက်ကုန်တယ်။ သေတာ အများကြီးပဲ။ အလောင်းတွေကောက်နေတုန်း လေယာဉ်တွေထပ်လာတယ်”လို့ မြေပြင်ရှိနေသူတဦးက ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ ဦး အပါ ပြည်သူ ၁၃ ဦး သေဆုံးခဲ့တယ်လို့ သပိတ်ကျင်းမြို့နယ်ပကဖက သတင်းထုတ်ပြန်ထားပြီး ပြည်သူ ၂၀ ကျော် ဒဏ်ရာရခဲ့ကာ စိုးရိမ်ရဒဏ်ရာရသူတွေလည်းရှိတယ်လို့ သိရပါတယ်။

ယမန်နေ့ ဧပြီ ၁၈ ရက်ကလည်း သပိတ်ကျင်းမြို့နယ်၊ လိပ်ကျရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၁၃ ‌‌ဦးသေဆုံးထားပြီး ရေထွက်ရွာကို ယမန်နေ့က တကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့သေးကာ ဒီကနေ့မှာလည်း ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

သပိတ်ကျင်းမြို့နယ်၊ ၇ မိုင်ကျေးရွာအနီးမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဘက်က သပိတ်ကျင်းမြို့နယ်ကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတာပါ။

( ဧပြီလ ၁၉ ရက် ည ၈ နာရီအထိ သိရှိရသည့် နောက်ဆုံးအခြေအနေအား ဖြည့်စွက်ထားပါသည်။)

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။