myaelatt athan

Sharing Information to the Local

ခလရ ၂၅၈ က စစ်ကောင်စီတပ်သားတွေ ပစ်ခတ်ခံရ

ရေစကြို၊ ဧပြီ ၁၅၊ ၂၀၂၅။

မကွေးတိုင်း၊ ရေစကြိုမြို့၊ ခလရ ၂၅၈ ကနေ နယ်မြေရှင်းလင်းရေးထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေပစ်ခတ်တိုက်ခိုက်ခံရပြီး သေဆုံးမှုရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ်ဆီက သိရပါတယ်။

ဧပြီ ၁၃ ရက် မနက် ၁၀ နာရီကျော်မှာ နယ်မြေရှင်းလင်းရေးထွက်လာတဲ့ ခလရ ၂၅၈ က အင်အား ၁၅၀ ကို ကံသစ်ကျေးရွာအရောက်မှာ အသင့်စောင့်ဆိုင်းပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာ မိနစ် ၃၀ ကြာခဲ့တယ်လို့ ဆိုပါတယ်။

“နယ်မြေရှင်းလင်းရေးလုပ်ဖို့ထွက်လာတဲ့ ခလရ ၂၅၈ က အင်အား ၁၅၀ နဲ့ ထွက်လာတာ၊ အဲ့ဒီထွက်လာတဲ့စစ်ကြောင်းကို ကျနော်တို့ ကံသစ်ကျေးရွာအရောက်မှာ ကျနော်တို့ အသင့်စောင့်ဆိုင်းပြီးတော့ တိုက်ခိုက်ခဲ့တာ၊ တိုက်ခိုက်ခဲ့တာမှာ **၄ ကောင်ကတော့ သေနိုင်လောက်တဲ့အထိ ဒဏ်ရာရသွားတယ်။”လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ် သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ပစ်ခတ်တိုက်ခိုက်ပြီးနောက် ခလရ ၂၅၈ စစ်ကြောင်းက ကံသစ်ကျေးရွာတောင်ဘက် တာဝါတိုင်ဂိတ်ကိုဆက်သွားပြီး တချို့ကတော့ တပ်ထဲကိုပြန်သွားတယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ်နဲ့ ပခုက္ကူခရိုင် အမှတ် ၉ တပ်ရင်း တို့က ပူးပေါင်းပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ် ၇ ရက်ကလည်း မကွေးတိုင်း၊ ရေစကြိုမြို့၊ ခလရ ၂၅၈ က စစ်ကောင်စီတပ်ဖွဲ့ဝင်တဦး လက်နက်ခဲယမ်းတွေနဲ့အတူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ်ထံ အလင်းဝင်လာခဲ့ပါသေးတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။