myaelatt athan

Sharing Information to the Local

ကောလင်းမှာ ဗုံးကြဲခံရလို့ အမျိုးသမီး ၂ ဦးသေဆုံး

ကောလင်း၊ ဧပြီ ၁၁၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ လျှော်ဖြူကုန်းကျေးရွာကို ဧပြီ ၁၁ ရက် ဒီက‌နေ့ညနေပိုင်းမှာ စစ်ကောင်စီကဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံအမျိုးသမီး ၂ ဦးသေဆုံးခဲ့တယ်လို့ Kawlin People Defence Force – KLPDF ဆီက သိရပါတယ်။

ဒီနေ့ ညနေ ၃ နာရီခွဲမှာ တံတားဦးဘက်ကတက်လာတဲ့ ဂျက်ဖိုက်တာ ၁ စီးက လျှော်ဖြူကုန်းကျေးရွာကို ပေါင် ၅၀၀ ဗုံးသီး ၂ လုံး ကြဲချခဲ့တာလို့ ဆိုပါတယ်။

“အရပ်သားပြည်သူတွေရဲ့ အိမ်ပေါ်ကိုချသွားတာ၊ လေကြောင်းတိုက်ခိုက်မှုလုပ်သွားတာကြောင့် အမျိုးသမီး ၂ ဦးသေဆုံးသွားတယ်၊” လို့ People Defence Force – KLPDF တာဝန်ရှိသူတဦးက ပြောပါတယ်။

ဗုံးကြဲချိန် လျှော်ဖြူကုန်းကျေးရွာက ဒေါ်မည်းညိုနဲ့ ဒေါ်ဝင်းကြည်တို့သေဆုံးပြီး ဦးဇော်လွင် ဒဏ်ရာရခဲ့တာပါ။

ဒါ့အပြင် နေအိမ် ၂ လုံးနဲ့အသုံးအဆောင်ပစ္စည်းတွေ ပျက်စီးပြီး ဒေသခံတွေလည်းရွာက ရှောင်တိမ်းနေရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၀ ရက်ကလည်း ကောလင်းမြို့နယ်၊ အင်ပင်လှရွာစာသင်ကျောင်းနေရာနဲ့ ရွာထဲကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လေကြောင်းကနေ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲချတာကြောင့် ၁၃ နှစ် ကလေးငယ် ၁ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရခဲ့ပါသေးတယ်။

  • စာတည်း – လင်း