myaelatt athan

Sharing Information to the Local

မုံရွာ အမှတ် ၂ ရဲစခန်းက ဒုရဲအုပ် ၁ ဦး လက်နက်နဲ့အတူ ဘက်ပြောင်းခိုလှုံလာ

0
0

မုံရွာ၊ ဧပြီ ၁၀၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့က စစ်ကောင်စီလက်အောက်ခံ ဒုရဲအုပ် ၁ ဦး လက်နက်၊ ခဲယမ်းတွေနဲ့အတူ တော်လှန်ရေးတပ်ဖွဲ့တွေထံ ဘက်ပြောင်းခိုလှုံလာတယ်လို့ မုံရွာခရိုင်တပ်ရင်း ၂၅ ထံက သိရပါတယ်။

ဘက်ပြောင်းလာသူမှာ မုံရွာမြို့ အမှတ် ၂ ရဲစခန်းက ဒုရဲအုပ် အေးသန်းထွန်း ဖြစ်ပြီး မုံရွာခရိုင်တပ်ရင်း ၂၅ တပ်ခွဲ ၄ ကတဆင့် ချိတ်ဆက်ပြီးနောက် ဧပြီ ၇ ရက်မှာ ဝင်ရောက်ခိုလှုံလာခဲ့တာလို့ ဆိုပါတယ်။

“သူအရင်ထဲက ထွက်ချင်နေပြီး ချိတ်ဆက်ထားပြီးသားပါ ။ အခုကတော့ နယ်မြေအချိန်းပြောင်းနဲ့ အခွင့်ရေးရလို့ထွက်လာနိုင်တာ။” လို့ မုံရွာခရိုင်တပ်ရင်း ၂၅ တပ်ရင်းမှူး သံမဏိ က ပြောပါတယ် ။

၎င်းနဲ့ အတူ BA 63 (G3) မောင်းပြန်ရိုင်ဖယ်သေနတ် ၁ လက်၊ ကျည်ဘောက် ၂ ခု ၊ ၇.၆၂ မမ ကျည် ၄၉ တောင့်တို့ ယူဆောင်လာခဲ့နိုင်တာကြောင့် ဆုငွေ ကျပ် သိန်း ၃၀ ပေးအပ်ဖို့ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

မုံရွာခရိုင်တပ်ရင်း ၂၅ ထံ ဘက်ပြောင်းခိုလှုံလာသူ ၁၅ ထက်မနည်းရှိပြီဖြစ်ပြီး ယခုနှစ်ပထမသုံးလပတ်အတွင်းမှာပဲ လက်နက်ပါလာသူ ၂ ဦးနဲ့ လက်နက်မဲ့ ၄ ဦး ဝင်ရောက်လာခဲ့ကာ ၎င်းတို့ထံဘက်ပြောင်းခိုလှုံလာတဲ့မည်သူမဆိုကို စိတ်လုံခြုံမှုအပြည့်အဝရရှိအောင်ထားရှိပေးတယ်လို့ PDF တပ်ရင်းမှူးက ပြောပါတယ်။

သတင်း – ဟယ်သာ၊ စာတည်း – ဟိန်းစံ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။