myaelatt athan

Sharing Information to the Local

ငလျင်ကြောင့် ဒဏ်ရာရတဲ့ နိုင်ကျဉ်း ၄၀ကျော်ကို ပြင်ပဆေးရုံတွေမှာ ဆေးကုသခွင့်မပေးဟု PPNM ပြော

အိုးဘို၊ ဧပြီ ၄ ၊ ၂၀၂၅။

မန္တလေး၊ အိုးဘိုအကျဉ်းထောင်မှာ ငလျင်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ နိုင်ငံရေးအကျဉ်းသူ၊ အကျဉ်းသား ၄၀ကျော်ကို ထောင်အာဏာပိုင်တွေက ပြင်ပဆေးရုံတွေမှာ ဆေးကုသမှုမပေးဘူးလို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်-PPNM က ပြောပါတယ်။

အဆိုပါဒဏ်ရာရ ၄၀ ဦးကျော်ထဲက ၉ ဦးမှာ ဒဏ်ရာပြင်းထန်ပေမယ့် ပြင်ပဆေးရုံတွေမှာ လူနာတွေများနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ထောင်အာဏာပိုင်တွေက ကန့်သတ်ထားတာလို့ ဆိုပါတယ်။

“ခြေကျိုး၊လက်ကျိုးတွေကို လုံလောက်တဲ့ ဆေးဝါးကုသမှု၊ ခြေကျိုးတာတွေကို အရမ်းကြီးဆိုးဝါးမှုမရှိဖို့အတွက်ဆိုရင် ပြင်ပဆေးရုံတွေမှာ လုပ်ဖို့လိုအပ်တယ်။ ထောင်ဆေးရုံတွေမှာ ဆရာဝန်အင်အားက ၂ ဦးနဲ့ ၃ ဦးကြားရှိတဲ့အပေါ်မှာ ထိခိုက်ဒဏ်ရာရသူတွေကို လုံလောက်တဲ့ကာဗာဖြစ်မယ့်အခြေအနေမျိုးမရှိဘူး။”လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် – PPNM ဦးဆောင်ကောမတီဝင် ကိုသိုက်ထွန်းဦးက ပြောပါတယ်။

ဒဏ်ရာရသူတွေကို ဆေးကုသနိုင်ဖို့ ထောင်တွင်းမှာဆရာဝန်လုံလောက်မှုမရှိသလို အရက်ပြန်၊ ဂွမ်း၊ အနာကျက်ဆေးရည်၊ ပတ်တီးစတဲ့ ဆေးဝါးပစ္စည်းတွေလည်း လိုအပ်နေတယ်လို့ ၎င်းက ဆိုပါတယ်။

ဒါ့အပြင် ထိခိုက်ဒဏ်ရာရရှိတဲ့ အကျဉ်းသူ/ သားတွေကို မိသားစုဝင်တွေနဲ့ ဆက်သွယ်တွေ့ဆုံခွင့်ကိုလည်း ထောင်အာဏာပိုင်တွေက ပိတ်ပင်ထားတယ်လို့ သူကဆက်ပြောပါတယ်။

မတ် ၂၈ ရက်မှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် အမျိုးသမီးအကျဉ်းသူအဆောင် အဆောင် ၁ ၊၂ နဲ့ အမျိုးသမီးဆေးရုံဆောင်တွေ ပြိုကျပျက်စီးခဲ့သလို အမျိုးသားအဆောင်အလုပ်ရုံပြိုကျခဲ့တာကြောင့် အကျဉ်းသူ/သား ၄ ဦးသေဆုံးခဲ့တယ်လို PPMM က ဧပြီ ၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။

အင်အားပြင်းငလျင်ကြောင့် မြန်မာနိုင်ငံတဝှမ်း သေဆုံးသူ ၃,၀၀၀ ဦးကျော်၊ ဒဏ်ရာရရှိသူ ၅,၀၀၀ နီးပါးနဲ့ ပျောက်ဆုံးသူ ၃၇၀ ဦးအထိ ရှိတယ်လို့ ကုလသမ္မဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး – UNOCHA က ဧပြီ ၃ ရက် မနေ့က ထုတ်ပြန်ထားပါတယ်။

စာတည်း – ဟိန်းစံ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။