myaelatt athan

Sharing Information to the Local

ခမရ ၄ က ဒုတပ်ကြပ်နဲ့ တပ်သား ဘက်ပြောင်းခိုလှုံ

မြေလတ်အသံ၊ ဧပြီ ၃၊၂၀၂၅။

စစ်ကိုင်းတိုင်းအခြေစိုက်၊ မုံရွာခရိုင်အမှတ် ၁ တပ်ရင်းဆီကို စစ်ကောင်စီဒုတပ်ကြပ် ၁ ဦးနဲ့ တပ်သား ၁ ဦး ဘက်ပြောင်းခိုလှုံလာတယ်လို့ ဧပြီ ၃ ရက်မှာ အဲ့ဒီတပ်ရင်းက သတင်းပြန်ပါတယ်။

တပ်မ ၆၆ လက်အောက်ခံ အမှတ် ၄ ခြေမြန်တပ်ရင်းက အသက် ၃၁ နှစ်အရွယ် ဒုတပ်ကြပ် ပိုင်ဦးကျော် နဲ့ အသက် ၂၀ အရွယ် တပ်သား မျိုးမင်းထွေးတို့ဟာ မုံရွာခရိုင်တပ်ရင်း ၁ ကတပ်ဖွဲ့ဝင် ၁ ဦးနဲ့ချိတ်ဆက်ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၅ ရက်မှာ ဘက်ပြောင်းခိုလှုံလာခဲ့တာပါ။

“လက်ရှိမှာ တပ်ရင်းမှာပဲ တာဝန်ထမ်းဆောင်ဖို့တောင်းဆိုထားလို့ စီစဉ်နေပါတယ်။ တပ်ရင်းမှာပဲ လက်ရှိ ပူးပေါင်းနေပါတယ်။ တာဝန်ထမ်းခွင့်ရဖို့ သက်ဆိုင်ရာဌာနဆီကို စာတင်ထားပါတယ်။”လို့ မုံရွာခရိုင် အမှတ် ၁ တပ်ရင်းမှ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

လက်ရှိမှာ ပိုင်ဦးကျော်နဲ့ မျိုးမင်းထွေးတို့က မုံရွာခရိုင်အမှတ် ၁ တပ်ရင်းမှာနေထိုင်ပြီး တပ်ရင်းရဲ့ တပ်သားအဖြစ် တပ်ဝင်ရက်စွဲရရှိဖို့ စောင့်ဆိုင်းနေကြတယ်လို့ဆိုပါတယ်။

“တပ်ဝင်ရက်စွဲဆိုတာက ကျနော်တို့တပ်ရင်းမှာစပြီးတော့ တာဝန်ထမ်းဆောင်တဲ့ရက်စွဲ၊ နေ့။ အဲ့ဒါကို သက်ဆိုင်ရာနဲ့ညှိပြီးတော့ လုပ်နေပါတယ်။ လက်ရှိကတပ်ရင်းမှာနေထိုင်တာ မှန်ပါတယ်။ ကျနော်တို့က တပ်သားစာရင်း၊ ရဲဘော်စာရင်းထဲမှာ ထည့်လို့မရသေးဘူး။”လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ၂၀၂၄ ခုနှစ်၊ စစ်ရေးဖြစ်ပေါ် တိုးတက်မှုအခြေအနေ အစီရင်ခံစာအရ နိုင်ငံတဝန်းမှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ၁ နှစ်တာအတွင်း စစ်ကောင်စီတပ်သား ၄၂၅ ဦး၊ ရဲ ၁၄၂ ဦး စုစုပေါင်း ၅၆၇ ဦး ဘက်ပြောင်းခိုလှုံလာခဲ့တယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။