0
မြေလတ်အသံ၊ မတ် ၃၀၊ ၂၀၂၆။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကာကွယ်ရေးဦးစီးချုပ်ရာထူးအနေ အနားယူသွားပြီး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ကို တပ်ချုပ်အသစ်အဖြစ် ဒီကနေ့ မတ်လ ၃၀ ရက် မနက်ပိုင်းမှာပဲ လွှဲပြောင်းပေးလိုက်ပါတယ်။
ဒီကနေ့မနက်ပိုင်း နေပြည်တော်စစ်ရုံးမှာ တပ်ချုပ်လွှဲပြောင်းမှုကို စစ်ရေးပြအခမ်းအနားနဲ့ပြုလုပ်ခဲ့ပြီး တပ်ချုပ်ဟောင်း မင်းအောင်လှိုင် ရော တပ်ချုပ်အသစ် ရဲဝင်းဦးပါ မိန့်ခွန်းပြောခဲ့ကြောင်း စစ်တပ်ပိုင် မြဝတီသတင်းရုပ်သံက ထုတ်ပြန်လာပါတယ်။