ဗိုလ်ချုပ် ဇော်မင်းထွန်း ရဲ့ စစ်ဘက်ရာထူးကို ဗိုလ်မှူးချုပ် ရဲရင့်အောင်နဲ့အစားထိုး

0 71
0 71

မြေလတ်အသံ၊ မတ် ၂၇၊ ၂၀၂၆ ။

စစ်ကော်မရှင်ရဲ့ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းရဲ့ စစ်ဘက်ရာထူးဖြစ်တဲ့ ကာကွယ်ရေးဦးစီးချုပ် ရုံး(ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး(ကကပြည်) ညွှန်ကြားရေးမှူးရာထူးကို ဗိုလ်မှူးချုပ် ရဲရင့်အောင် နဲ့အစားထိုးခန့်အပ်ထားတယ်လို့ စစ်ကော်မရှင်ရဲ့ သတင်းရုပ်သံထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ယမန်နေ့ မတ်လ ၂၆ ရက် ညပိုင်းမှာ ပြုလုပ်ခဲ့တဲ့ စစ်ကော်မရှင်တပ်ရဲ့ ဝါဒဖြန့်ဇာတ်လမ်းဖြစ်တဲ့ “တိမ်ပင်လယ်ခရီးကြမ်း” မှာ ပါဝင်သရုပ်ဆောင်ခဲ့သူတွေကို ညစာစားပွဲနဲ့ဆုချီးမြှင့်ပွဲမှာ ကကပြည် ညွှန်ကြားရေးမှူးဖြစ်တဲ့ ဗိုလ်မှူးချုပ် ရဲရင့်အောင် က ဆုချီးမြှင့်ခဲ့တယ်ဆိုကာ ထည့်သွင်းဖော်ပြခဲ့တာပါ။

ဗိုလ်မှူးချုပ် ရဲရင့်အောင်

ဗိုလ်ချုပ် ဇော်မင်းထွန်း ဟာ စစ်ကော်မရှင်မှာ ပြန်ကြားရေးဒုတိယဝန်ကြီးရာထူး ရယူထားပြီး စစ်ကော်မရှင်ကို ကိုယ်စားပြုကာသတင်းမီဒီယာတွေကို ဖြေကြားနေတဲ့ ပြောခွင့်ရသူဖြစ်တဲ့အပြင် စစ်ဘက်မှာလည်း ကကပြည် ညွှန်ကြားရေးမှူးရာထူးကို ပူးတွဲရယူထားပါ။

လက်ရှိ စစ်ကော်မရှင်ရဲ့ ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်း ဟာ ပြီးခဲ့တဲ့မတ်လလယ်ပိုင်းမှာ စတင်ခဲ့တဲ့ ပြည်သူ့လွှတ်တော်မှာ ဒုဥက္ကဌအဖြစ် တာဝန်ယူထားတာကြောင့် လာမယ့်စစ်ကော်မရှင်ရဲ့ အစိုးရသစ်မှာ လက်ရှိဝန်ကြီးရာထူးကို စွန့်လွှတ်ရမှာပါ။

ဗိုလ်ချုပ် ဇော်မင်းထွန်းရဲ့စစ်ဘက်ရာထူးကို အခြားစစ်ဗိုလ်ချုပ် ၁ ဦးနဲ့ အစားထိုးခန့်အပ်လိုက်ပေမယ့် ၎င်းဟာ စစ်ကော်မရှင်ရဲ့ပြည်ထောင်စုဝန်ကြီးနဲ့ဒုတိယဝန်ကြီးအမည်စာရင်းမှာ လက်ရှိအထိ ရှိနေသေးတာပါ။

ဒါကြောင့် ခုလကုန်မှာ ဖွဲ့စည်းမယ့်အစိုးရသစ်မှာ ပြန်ကြားရေးဝန်ကြီး သို့မဟုတ် ဝန်ကြီးတနေရာရာမှာ ပြန်လည်ပါဝင်နိုင်တယ်လို့ CDM တပ်မတော်သားတချို့က ခန့်မှန်းထားကြပါတယ်။

တဖက်မှာလည်း ဗိုလ်ချုပ် ဇော်မင်းထွန်း ရာထူးကဖယ်ရှားခံရပြီး စစ်ဆေးခံနေရတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် စစ်ကော်မရှင်ရဲ့ဝန်ကြီး၊ ဒုဝန်ကြီး အမည်စာရင်းဖော်ပြထားတဲ့ ဝက်ဆိုက်မှာ တော့ လက်ရှိအထိ ဗိုလ်ချုပ် ဇော်မင်းထွန်း ဟာ ဒုတိယဝန်ကြီးအဖြစ် ဆက်ရှိနေတာလည်း ဖြစ်ပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။