မကွေးလေတပ် ရှော့တိုက်ဒုံးနဲ့ အပစ်ခံရ

0 26
0 26

မကွေး၊ မတ် ၂၆၊ ၂၀၂၆။

မကွေးမြို့၊ နတ်မောက်လမ်းပေါ်ရှိ စစ်ကော်မရှင်တပ်ရဲ့မကွေးလေတပ်စခန်းဌာနချုပ် ယမန်နေ့ညပိုင်းက ရှော့တိုက်ဒုံးနဲ့ပစ်ခံခဲ့ရတယ်လို့ မြို့ခံတွေထံက သိရပါတယ်။

မတ်လ ၂၅ ရက် ည ၁၁ နာရီခန့်မှာ မကွေးလေတပ်နဲ့ စစ်မှုထမ်းဟောင်းအိမ်ရာတွေအနီးမှာ ရှော့တိုက်ဒုံး ၄ လုံးခန့် ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။

“ကလခ(မကွေးလေတပ်)ဝန်းထဲကို ၃ လုံးကျပါတယ်။ ဘာတွေဖြစ်လဲတော့ အသေးစိတ်တော့ မသိသေးဘူး” လို့ မကွေးလေတပ်နဲ့နီးစပ်တဲ့သတင်းရင်းမြစ်တဦးက မြေလတ်အသံကို ပြောပါတယ်။

ယမန်နေ့ည ၁၁ နာရီခန့်မှာ မကွေးမြို့၊ လေတပ်နဲ့ စစ်မှုထမ်းဟောင်းအိမ်ရာတွေအနီးဝန်းကျင်ကနေ ပေါက်ကွဲသံအများအပြားကြားရကြောင်း နောက်ထပ်မြို့ခံတဦးက ပြောပါတယ်။

” ပစ်သံကတော့အနည်းဆုံး ၈ ချက်ကြားတယ်။ ကျွန်းဘက်(ဧရာဝတီမြစ်အတွင်း သောင်ခုံပေါ်)ကနေလာပစ်တာ။ အောင်ဘုံနဲ့လေတပ်က ၁ မိုင်လောက်ဝေးတယ်။ ထိခိုက်တော့မသိရဘူး။ သတင်းဖုံးထားတာလည်းဖြစ်မယ်”လို့ ဆိုပါတယ်။

ပေါက်ကွဲသံတွေထွက်ပေါ်ပြီးနောက် မြို့တွင်းရှိ စစ်ကော်မရှင်အဖွဲ့ဝင်အများအပြား မကွေးလေတပ်ဘက်ကို ကားတွေနဲ့ထွက်ခွာသွားတယ်လို့ မကွေးမြို့ခံသတင်းရင်းမြစ်တဦးကလည်း အခုလိုပြောပါတယ်။

” မြို့ထဲကထိ အသံကြားရတယ်။ တုန်တောင်တုန်တာကို။ ပျမ်းမျှအသံတော့ ၄ ချက်ကြားရတယ်။ ထိခိုက်တော့မသိဘူး။ ဖြစ်ပြီးတာနဲ့ အနိမ့်ချောင်းဘက်ကို စစ်တပ်ကားတွေဆင်းသွားတာတွေ့တယ်” လို့ ပြောပါတယ်။

အဆိုပါပစ်ခတ်မှုနဲ့ပတ်သက်ပြီး ဒီကနေ့အထိ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ထုတ်ပြန်ချက်တွေတော့ မတွေ့ရသေးပါဘူး။

စစ်ကော်မရှင်ရဲ့မကွေးလေတပ်က တိုက်လေယာဥ်တွေဟာ အထက်မြန်မာပြည်ဒေသတွေကို လေကြောင်း တိုက်ခိုက်မှုတွေမှာ အဓိကထားအသုံးပြုနေတာပါ။

စစ်ကော်မရှင်ရဲ့လေတပ်တွေဟာ မကြာခဏရှော့ဒုံးတွေနဲ့တိုက်ခိုက်ခံနေရပြီး အခုလအစောပိုင်းမှာလည်း တောင်ငူလေတပ်စခန်း ရှော့တိုက်ဒုံးတွေနဲ့တိုက်ခိုက်ခံခဲ့ရပါသေးတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။