ပျူစောထီးစခန်းမှာကင်းကျတဲ့ တပ်ကြပ်အပါ ၂ ဦး လက်နက်နဲ့ဘက်ပြောင်းလာ

0 0
0 0

ပခုက္ကူ၊ မတ် ၁၉၊ ၂၀၂၆။

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမရွာပျူစောထီးစခန်းမှာ တာဝန်ကျနေတဲ့ စစ်ကော်မရှင်တပ်ကြပ်၁ ဦးနဲ့ တပ်သား ၁ ဦး လက်နက်နဲ့အတူ ဘက်ပြောင်းလာခဲ့တယ်လို့ နဂါးနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူဆီက သိရပါတယ်။

ပခုက္ကူအခြေစိုက် ခလရ ၂၅၈ တပ်ကနေ တွင်းမရွာမှာတာဝန်ကျနေတဲ့ အသက် ၂၃ အရွယ် တပ်ကြပ် ဇော်ကြီးနဲ့ အသက် ၂၀ အရွယ် တပ်သား ဇင်မင်းအောင် တို့ဟာ မတ်လ ၁၈ ရက် နေ့လယ် ၁၂ နာရီမှာ MA 1 ၁ လက်၊ MA3 ၁ လက်၊ ကျည်ဘောက် ၄ ခု၊ ကျည် ၈၀ တို့ယူပြီး ဘက်ပြောင်းလာခဲ့ကြတာလို့ ဆိုပါတယ်။

“သူတို့က မနက် ၉ နာရီလောက်ကတည်းက ကင်းတာဝန်ကျနေချိန်မှာ ထွက်ပြေးလာကြတာ။ ကျနော်တို့ချိတ်ဆက်ပြီးမှထွက်လာတော့ သွားကြိုခဲ့ရတယ်။ လက်နက်တွေလည်း ယူဆောင်လာနိုင်ခဲ့ကြသေးတယ်”လို့ နဂါးနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်မီးတောက်က ပြောပါတယ်။

ရန်ကုန်ဇာတိဖြစ်သူ တပ်သား ဇင်မင်းအောင်ဟာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှာ မူးယစ်ဆေးနဲ့ပတ်သက်တယ်ဆိုကာဖမ်းဆီးခံခဲ့ရပြီးနောက် ဂျိုးဖြူစစ်သင်တန်းကျောင်းမှာ စစ်မှုထမ်းအပတ်စဥ် ၁၀ တက်ရောက်ခဲ့ပြီးနောက် ခလရ ၂၅၈ ကိုရောက်ရှိလာသူဖြစ်ပြီး တပ်ကြပ် ဇော်ကြီး ကတော့ စစ်အာဏာမသိမ်းခင်ကတည်းက စစ်တပ်ထဲရောက်ရှိနေသူဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါဘက်ပြောင်းလာသူ ၂ ဦးစလုံးဟာ လက်နက်တွေယူလာနိုင်တာကြောင့် ၁ ဦးကိုကျပ်သိန်း ၂၀ ဆုငွေချီးမြှင့်သွားမယ်လို့ ဆိုပါတယ်။

၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နဂါးနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီ ဘက်ပြောင်းလာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင် စုစုပေါင်း ၇ ဦးထိရှိခဲ့ပြီး ၄ ဦးကတော့ တပ်ဖွဲ့နဲ့အတူ စစ်ကော်မရှင်ကို ပြန်လည်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။