ပုတီးကုန်းမြို့အနီးက စစ်တပ်စစ်ဆေးရေးဂိတ်ကိုတိုက်ခိုက်ပြီး ဆိုင်ကယ် ၂ စီးသိမ်း

0 4
0 4

သဲကုန်း၊ ဖေဖော်ဝါရီ ၁၃၊ ၂၀၂၆။

ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်၊ ပုတီးကုန်းမြို့၊ ဘူးပြောရွာထိပ်က စစ်ကော်မရှင်စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ရာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၂ ဦးသေဆုံးပြီး ပစ္စည်းတချို့သိမ်းဆည်းခဲ့တယ်လို့ ဖေဖော်ဝါရီ ၁၃ ရက်မှာ ပြည်ခရိုင် ၃၆၀၁ တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီ ၉ ရက်မနက် ၆ နာရီမှာ ဘူးပြောရွာထိပ်လမ်းပေါ်က အင်အား ၁၀ ဦးခန့်နဲ့ စစ်ဆေးရေးလုပ်နေတဲ့ စစ်ကော်မရှင်တပ်နဲ့ ပျူစောထီးတွေကိုတိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှု ၁၅ မိနစ်ခန့်ဖြစ်ခဲ့တယ်လို့ဆိုပါတယ်။

“ဂိတ်က မြို့နဲ့နီးနီးလေး အမြန်လုပ်ခဲ့ရတာ။ သူတို့ကစဉ့်ကလျားနဲ့ ထွက်ပြေးကြတယ်။ သေဆုံးတွေကလည်း တိုက်ပွဲအတွင်းမှာ မြင်တွေ့ခဲ့ရတယ်။ ဒဏ်ရာရသူဆိုရင် ရန်ကုန်(ကို)တင်သွားတယ်”လို့ ပြည်ခရိုင် ၃၆၀၁ တပ်ရင်း စစ်ထောက်လှမ်းရေးနဲ့သတင်းပြန်ကြားတာဝန်ခံ Shadow က ပြောပါတယ်။

ပစ်ခတ်ချိန်အတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင်နဲ့ ပျူစောထီးတွေဟာ ဘူးပြောရွာထဲကို ထွက်ပြေးသွားတဲ့ အတွက် ဒေသခံတွေမထိခိုက်အောင် ပစ်ခတ်မှုကိုရပ်ပြီး ပြန်ဆုတ်ခွာခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို ပြည်ခရိုင်တပ်ရင်း ၁၊ တပ်ရင်းရုံး တိုက်ခိုက်ရေးတပ်ခွဲ ၁ နဲ့ပြည်ခရိုင်တပ်ရင်း ၂၊ တပ်ခွဲ ၄ ရဲဘော်တွေက တိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး စစ်ကော်မရှင်အဖွဲ့ဝင် ၂ ဦးသေဆုံး ၁ ဦးဒဏ်ရာရကာ ဂိတ်မှာကျန်ခဲ့တဲ့ ဆိုင်ကယ် ၂ စီးကိုသိမ်းယူနိုင်ခဲ့တယ်လို့ တာဝန်ခံ Shadow က ပြောပါတယ်။

ပြီးခဲ့တဲ့ဇန်နဝါရီ ၂၉ ရက်ကလည်း ပေါက်ခေါင်း-အုတ်တွင်းလမ်းပိုင်း တံခွန်တိုင်ပေါက်လမ်းဂွမှာ စစ်ကော်မရှင်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး ၁၀ ဦးသေဆုံးကာ သေနတ် ၁ လက်ကို ဒေသကာကွယ်ရေးတပ်တွေဘက်က သိမ်းဆည်းရမိခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။