စစ်တောင်းမြစ် စစ်ဆေးရေးဂိတ် မိုင်းခွဲခံရလို့ ပျူခေါင်းဆောင် ၁ ဦးသေ၊ စစ်သား ၄ ဦး ဒဏ်ရာရ

0 1
0 1

ပဲခူး၊ ဇွန် ၁၅၊ ၂၀၂၃။

ပဲခူးတိုင်းအရှေ့ခြမ်း၊ ရေတာရှည်မြို့နယ်၊ သာဂရမြို့၊ ငှက်ပျောတောကျေးရွာအနီးက စစ်တောင်းမြစ်ကူးတံတား စစ်ဆေးရေးဂိတ်ကို မိုင်းခွဲရာ ပျူစောထီးခေါင်းဆောင်တဦးသေဆုံးပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး ဒဏ်ရာရခဲ့တယ်လို့ တောင်ငူခရိုင်၊ တပ်ရင်းအမှတ် – ၃၅၀၁၊ တပ်ခွဲ – ၆ တာဝန်ခံ ဗိုလ်ကြက်သွန်က ပြောပါတယ်။

ဇွန်လ ၁၄ရက် မနေ့ ညနေ ၆နာရီက အင်အား ၁၅ယောက် ဝန်းကျင်ရှိတဲ့ဂိတ်ကို ဖျက်အားပြင်းတဲ့ အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲခဲ့တာဖြစ်လို့ ပျူစောထီးခေါင်းဆောင် အောင်ရဲသူ (ခေါ်)ကျားကြီးဟာ ခန္ဓာကိုယ်တပိုင်းပြတ်ကာ သေဆုံးခဲ့ပြီး၊ စစ်ကောင်စီတပ်ဖွဲ့ဝင် တဦး ပေါင်ပြတ်ကာ တခြား တပ်ဖွဲ့ဝင် ၃ဦးလည်း ဒဏ်ရာရသွားတယ်လို့ သူက ရှင်းပြပါတယ်။

“ကိုယ်တိုင်ထုတ်လုပ်ထားတဲ့ ဗုံးနဲ့သွားလုပ်တာ၊ ကျနော်တို့ဖောက်ပြီး ခဏကြာတော့ အလောင်းကားတွေနဲ့ သွားသယ်နေပြီ။ ၃ပိုင်းပြတ်သွားတဲ့ကောင်က ဒလန်အကြီးစား ပျူ‌စောထီးခေါင်းဆောင်၊ စစ်သားတ‌ယောက်က ပေါင်ပြတ်တယ်” လို့ ဗိုလ်ကြက်သွန်က ပြောပါတယ်။

ဒဏ်ရာရတပ်သားတွေကိုတော့ လူနာတင်ကားနဲ့ခေါ်ကာ နှစ်ဆောင်ပြိုင်ရွာမှာရှိတဲ့ မဆရ ၃ – အမှတ်(၃) စစ်မြေပြင်ဆေးတပ်ရင်းကို တိုက်ရိုက်ခေါ် ဆောင်သွားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက် ညနေ ၃နာရီ ဝန်းကျင်ကလည်း ရေတာရှည်မြို့နယ် မြောက်ပိုင်းက အုပ်ချုပ်ရေးမှူး လည်းဖြစ် ဒုအရာခံဗိုလ်အငြိမ်းစားတဦးလည်းဖြစ်တဲ့ ဦးတင်ဝင်းကို တောင်ငူခရိုင်၊ တပ်ရင်းအမှတ် – ၃၅၀၁၊ တပ်ခွဲ – ၄နဲ့ ရေတာရှည်ပကဖအဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ပါသေးတယ်။

စာတည်း – လင်းဇေ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။