ဝက်လက်က မီးဘေးရှောင် အိမ်ထောင်စု ၁၀၀ ကျော်ကို ရိက္ခာထောက်ပံ့

0 1
0 1

စစ်ကိုင်း၊ ဇွန် ၁၄၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်ရှိ စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးခဲ့တဲ့ ကျေးရွာတရွာက အိမ်ထောင်စုတွေကို ဇွန်လ ၁၃ ရက်မနေ့က စားနပ်ရီက္ခာတွေ ထောက်ပံ့ပေးခဲ့တယ်လို့ ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီအဖွဲ့ဆီက သိရပါတယ်။

အိမ်ထောင်စု ၁၁၅ စုက လူဦးရေ ၆၀၀ ကျော်ရှိနေပြီး၊ တအိမ်ထောင်ကို ဆန်တပြည်၊ ဆီငါးဆယ်သား တဗူး၊ ဆားတပိဿ၊ အသားတု အစိတ်သား၊ ကြာဇံတထုပ်၊ ဖျာတစ်ချပ်၊ ပဲတပြည်၊ လက်ဆွဲခြင်းတလုံးစီ ထောက်ပံ့ လှူဒါန်းခဲ့တာပါ။

“မီးဘေးသင့်ပြည်သူတွေ စားဖို့ခက်ခဲနေလို့ ထောက်ပံ့ပေးတာပါ။ ကျနော်တို့အဖွဲ့က ပြည်သူတွေနဲ့ တသားတည်း ရှိနေတာပါ။ ပြည်သူတွေ ဒုက္ခရောက်နေလို့ နိုင်တဲ့ဘက်က ကူညီရတာပါ။ တခြားမီးဘေးသင့် ပြည်သူတွေကိုလည်း အခက်အခဲရှိနေလို့ လှူဒါန်းပေးကြပါ”လို့ ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင် ကိုလွင်မိုးသန့် က ပြောပါတယ်။

ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင်တွေအနေနဲ့ သပိတ်စစ်ကြောင်းချီတက်တာ၊ သပိတ်တရား ဟောပြောတာတွေလုပ်ဆောင်နေပြီး၊ စစ်ရှောင်နဲ့ မီးဘေးသင့်ပြည်သူတွေကိုလည်း ၎င်းတို့ကိုယ်တိုင်ရော၊ တဆင့်ခံအနေနဲ့ပါ ကူညီလှူဒါန်းမှုတွေ ပေးနေတယ်လို့ ကိုလွင်မိုးသန့်က ပြောပါတယ်။

၂၀၂၂ ခုနှစ်၊ မတ်လလယ်ပိုင်းကနေ ၂၀၂၃ ခုနှစ် ဇွန်လအစောပိုင်းအထိ ဝက်လက်မြို့နယ်က ရွာပေါင်း ၆၀ ကျော်ကို စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ဒေသခံတွေထွက်ပြေး တိမ်းရှောင်ခဲ့ကြရပြီး၊ လက်ရှိမှာ လူဦးရေ ၄ ထောင်လောက်က တောစပ်တွေနဲ့ ဘေးလွတ်ရာဒေသတွေမှာ နေထိုင်နေကြရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။