ချပ်သင်းတိုက်နယ်က စစ်ရှောင်တဲ ၉ လုံးကို စစ်တပ်က မီးရှို့ဖျက်ဆီး

0 1
0 1

စစ်ကိုင်း၊ ဇွန် ၁၄၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ချပ်သင်းတိုက်နယ်၊ ဇင်းကျေးရွာအနီး တနယ်ကြီးကွင်း (အရပ်အခေါ်) မှာရှိတဲ့ စစ်ရှောင်တဲတွေကို စစ်တပ်က ဇွန်လ ၁၂ ရက် နေ့လယ် ၁ နာရီလောက်မှာ ဝင်ရောက်မီးရှို့သွားတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

အင်အား ၁၄၀ နီးပါးရှိတဲ့ ခမရ ၃၆၁ စစ်ကောင်စီစစ်ကြောင်းနဲ့ ပျူစောထီးထပ်ဖွဲ့ဟာ ဇင်းကျေးရွာအနီးမှာရှိတဲ့ စစ်ရှောင်တဲတွေကို ဝင်ရောက်မီးရှို့ခဲ့လို့ စစ်ရှောင်တဲ ၉ လုံး ၊ ကျွဲတစုံ ၊ ဆန်တင်း (၆၀) နဲ့ ဝက်တကောင်စတာတွေ မီးလောင်ပျက်စီးသွားတယ်လို့ အထက်ပါတာဝန်ရှိသူက ဆိုပါတယ်။

“အဲဒီနေရာမှာ တဲအလုံးရေဘယ်လောက်ရှိလဲ ဆိုတာတော့ ကျနော်တို့ အတိအကျမသိရပါဘူး။ မီးလောင်သွားတဲ့ အရေအတွက်ပဲသိရတာပါ။ စစ်ရှောင်တဲက လူတွေရော ရွာထဲပြန်မဝင်ကြသေးဘူး။ အဲဒီ စစ်**တွေက စစ်ရှောင်တဲတွေကို မီးရှို့ပြီး နေ့လယ် ၁ နာရီလောက်မှာ ဇင်းကျေးရွာဖက်ကို ပြန်ခေါက်သွားတယ်” လို့ သူက ပြောပါတယ်။

မီးရှို့ခံလိုက်ရတဲ့ တဲတွေမှာ နေထိုင်ခဲ့တဲ့ စစ်ရှောင်တွေအနေနဲ့ အခြားကျေးရွာနားတွေမှာ ပြောင်းရွှေ့ နေထိုင်နေကြရတယ်လို့ ထပ်မံဆိုပါတယ်။

အဆိုပါစစ်ကောင်စီတပ်ဖွဲ့ဟာ ဇင်းကျေးရွာမှာ တညအိမ်တပ်စွဲထားပြီး ၁၃ ရက်နေ့မှာတော့ နဂါးပေါ်ကျေးရွာထဲကို ပြန်လည်ဝင်ရောက်သွားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂ ရက်နေ့ကလည်း ချပ်သင်းတိုက်နယ်၊ ချပ်ကြီး(ပျူရွာ)ကို KB2 တပ်ရင်း နဲ့ ဒေသပကဖအဖွဲ့တွေ စုပါင်းတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က အထိနာခဲ့တဲ့အတွက် Mi 35 နှစ်စီးနဲ့ လာရောက် ပစ်ကူပေးခဲ့ပါသေးတယ်။

စာတည်း – 007

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။