မြေပြင်တိုက်ပွဲရှိနေတဲ့ကြားကထွက်ခဲ့တဲ့ ဆားလင်းကြီး သပိတ်စစ်ကြောင်း (Photo News)

0 2
0 2

စစ်ကိုင်း၊ ဇွန် ၁၃၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ထဲ ကျေးရွာတရွာမှာ မြေပြင်စစ်ကြောင်းနဲ့ တိုက်ပွဲတွေရှိနေတဲ့ကြားက ဆန္ဒပြခဲ့ကြတယ်လို့ ၅/လက်ပံတောင်းတောင်သပိတ်စစ်ကြောင်း တာဝန်ခံတဦးကတဆင့် သိရပါတယ်။

ဇွန်လ ၁၃ရက် ဒီနေ့ ညနေ ၄နာရီခွဲက ပြုလုပ်ခဲ့တာဖြစ်ပြီး “ငါတို့တော်လှန်ရေး၊ ငါတို့အနာဂတ်၊ ငါတို့အောင်ပွဲ”၊ “ကမ္ဘာမကြေဘူး” စတဲ့စာသားပါ ဘန်နာတွေကိုင်စွဲပြီး စီတန်းလှည့်လည်ကာ ကြွေးကြော်သံတွေ အော်ခဲ့ကြတယ်လို့ဆိုပါတယ်။

ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးကျေးရွာအနီးတဝိုက်မှာ တိုက်ပွဲတွေဖြစ်ပွားနေသလို၊ စစ်ကောင်စီစစ်ကြောင်းတွေလည်း ရှိနေပေမယ့် ပြည်သူအင်အား ၁၀၀နီးပါးနဲ့ ထွက်ခဲ့တာလို့လည်း သိရပါတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။