စစ်ရှောင်နေရတဲ့ကြားထဲက လူထုသပိတ်စစ်ကြောင်းထွက် (Photo News)

0 0
0 0

စစ်ကိုင်း၊ ဇွန် ၁၃၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ထဲက ကျေးရွာတရွာမှာ စစ်ဘေးရှောင်နေရတဲ့ကြားထဲက ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ်ကော်မတီက ဦးဆောင်ပြီး သပိတ်စစ်ကြောင်းထွက်ခဲ့တယ်လို့ အဖွဲ့ဝင်တဦးဆီက သိရပါတယ်။

ဇွန်လ ၁၃ ရက် ဒီနေ့မနက်ပိုင်းက လူထုသပိတ်ရဲ့ ၈၁၅ ရက်မြောက်နေ့အဖြစ် ‌“ဗေဒါပျံ အံကိုခဲ ပန်းပန်လျက်ပဲ”ဆိုတဲ့ စာသားပါ ဘန်နာကိုင်ဆွဲပြီး ကြွေးကြော်သံတွေနဲ့ ချီတက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ပြည်သူတွေအနေနဲ့ စစ်ဘေးရှောင်နေရတဲ့အပြင် မုန်တိုင်းကာလ ပြန်လည်ထူထောင်ရေးတွေလုပ်နေရတဲ့အတွက် လူထုပါဝင်မှုနှုန်းနည်းနေပေမယ့် နေ့စဉ်မပျက် သပိတ်စစ်ကြောင်းထွက်သွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။