ဆွာမြို့မှာ စစ်တပ်ထွက် အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရလို့ သေဆုံး

0 0
0 0

ပဲခူး၊ ဇွန် ၁၃၊ ၂၀၂၃။

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ဆွာမြို့မှာ စစ်တပ်ထွက် အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရလို့ သေဆုံးသွားတယ်လို့ သိရပါတယ်။

ဇွန်လ ၁၂ ရက် ညနေ ၃ နာရီကျော်ခန့်မှာ ဆွာမြို့၊ မြောက်ပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝင်းတင် (၆၅ နှစ်)ကို နေအိမ်ရှေ့မှာ ထိုင်နေချိန် ဝင်ရောက်ပစ်ခတ် ရှင်းလင်းခဲ့တယ်လို့ ရေတာရှည် ပကဖ တာဝန်ခံက ပြောပါတယ်။

“သူက မြို့မအုပ်ချုပ်ရေးမှူးဆိုမှတော့ စကစ ခိုင်းသမျှ အကုန်လုပ်တယ်။ PDF ထဲဝင်တဲ့ လူငယ်တွေကိုလည်း သွယ်ဝိုက်တဲ့နည်းတွေနဲ့ ပြန်ခေါ်တာတွေလုပ်တယ်။ သူက ခလရ ၈၄ ကနေ ဒုအရာခံဗိုလ်အဆင့်နဲ့ ထွက်ထားတာ” လို့ တာဝန်ခံက ပြောပါတယ်။

အုပ်ချုပ်ရေးမှူးဦးဝင်းတင်ကို သေနတ်နဲ့ ၇ ချက်မက ပစ်ခတ်ခဲ့လို့ နေရာမှာ သေဆုံးသွားခဲ့တယ်လို့ ရေတာရှည် ပကဖ ကဆိုထားပြီး ဦးဝင်းတင်နဲ့ ပတ်သက်တဲ့ အချက်အလက် ဖြစ်စဉ်တွေကိုတော့ မြေလတ်အသံ သတင်းဌာနအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ပစ်ခတ်မှုအပြီး မြို့ကနေပြန်အထွက် ရေနီးနဲ့ခင်တန်း အကြားမှာ စစ်ကောင်စီဘက်က လိုက်ပစ်ခဲ့ပေမယ့် ထိခိုက်တာမရှိဘဲ လုံခြုံတဲ့နေရာကို ပြန်ရောက်ပြီလို့ ဆိုပါတယ်။

စစ်ကောင်စီဘက်ကတော့ ပစ်ခတ်မှုအပြီးမှာ မြို့တွင်း၊ မြို့ပြင် ပိတ်ဆိုစစ်ဆေးရှာဖွေတာတွေလုပ်နေပြီး စစ်ဆေးရေးဂိတ်တွေမှာ ပိုပြီးတင်းကြပ် စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

ဇွန်လ ၇ ရက် မနက် ၁၀ နာရီကျော်ခန့်မှာ ရေတာရှည်မြို့နယ်၊ တခွဲကျဲကျေးရွာနေ ရာအိမ်မှူး ဦးကိုလေး အသက် ၆၀ နှစ်ကျော်ဟာ နေအိမ်မှာ ရှိနေချိန် ပစ်ခတ်ခံရလို့ သေဆုံးသွားတယ်လို့ သိရပါတယ်။

စာတည်း – 007

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။