မြင်းခြံမှာ စစ်သား ၂ ဦးကို ပစ်ခတ်ရှင်းလင်းပြီး သေနတ်နဲ့ကျည်တွေပါသိမ်းဆည်း

0 1
0 1

မန္တလေး၊ ဇွန် ၁၁၊ ၂၀၂၃။

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်က စစ်သား ၂ ဦးကို လမ်းကနေစောင့်ကြိုက သေနတ်နဲ့ ပစ်ခတ်ရှင်းလင်းပြီး သေနတ်နဲ့ကျည်တောင့်တွေကိုပါ သိမ်းဆည်းနိုင်ခဲ့တယ်လို့ နောင်ရိုး ပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

မြင်းခြံမြို့နယ်၊ ကြည်ရွာကနေ ဆီမီးခုံမြို့ကို ဆိုင်ကယ်နဲ့မောင်းလာချိန် ဇွန်လ ၁၀ ရက်မနေ့က မနက် ၁၁ နာရီခွဲလောက်မှာ လမ်းပိုင်းတနေရာကနေ စောင့်ကြိုတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“သူတို့ကိုပစ်ပြီး စက်လှေနဲ့ ဧရာဝတီမြစ်ကိုဖြတ်ပြီး ကူးပြေးရတော့ Scoopy (စကူပီ)ဆိုင်ကယ်ကို တောင်မသယ်နိုင်ဘူး။ ၂ ယောက်စလုံး အရပ်ဝတ်တွေနဲ့လာတာ။ ၂ ယောက်ကိုမှ သေနတ်တလက်တည်းပါတာ၊ နေရာမှာ ပွဲချင်းပြီးပဲ” လို့ နောင်ရိုးပြောက်ကျားတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

သေဆုံးစစ်သားတွေဆီကနေ MA 1 တလက်၊ 5.56 ကျည် ၁၆ တောင့်နဲ့ ဖုန်း ၁ လုံးတို့ကို သိမ်းဆည်းရမိခဲ့ကာ အလောင်းတွေကိုတော့ စစ်ကောင်စီတပ်သားတွေက ဆီးမီးခုံမြို့ကို ကားနဲ့လာသယ်သွားတယ်လို့ သူကဆက်ပြောပါတယ်။

ဇွန် ၁၁ ရက်ဒီနေ့မနက်မှာတော့ ကြည်ရွာကို ဆုံရွာကပျုစောထီးတွေ ကားကြီး ၁ စီးနဲ့ အပြည့် ရောက်လာသလို ဆီမီးခုံမြို့ထဲက စစ်သားတွေလည်း ဆိုင်ကယ် ၅ စီးနဲ့ အင်အားသွားဖြည့်တယ်လို့ ဆိုပါတယ်။

အဲဒီစစ်ဆင်ရေးကို မြင်းခြံခရိုင် တပ်ရင်းအမှတ် ၆ တပ်ခွဲ ၁၊ နောင်ရိုးအထူးပြောက်ကျားတပ် – NYSGF မှ ရဲဘော်တွေက ဖော်ဆောင်ခဲ့တာလို့ သိရပါတယ်။။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။