ညောင်ပင်ကြီးရဲစခန်းတခုလုံးနီးပါး သိမ်းနိုင်ခဲ့ပြီး ရဲ ၂ ဦးဖမ်းမိ၊ လက်နက်တချို့ရ

0 3
0 3

စစ်ကိုင်း၊ ဇွန် ၁၀၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရဲစခန်းကို မဟာမိတ်တပ်ပေါင်းစုတွေ သွားရောက် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က အထိနာခဲ့တယ်လို့ သိရပါတယ်။

ဇွန်လ ၉ရက် မနေ့က ညနေ ၅နာရီခွဲဝန်းကျင်က မဟာမိတ်တပ်ဖွဲ့တွေစုပေါင်းကာ တပ်ပေါင်းစုအနေနဲ့ စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က အသေဆုံးများလို့ လေကြောင်းပစ်ကူ လက်နက်ကြီးပစ်ကူ အဆမတန်သုံးခဲ့တယ်လို့ ဆိုပါတယ်။

“ရဲစခန်းရဲ့တောင်ဘက်ခြမ်းတော့ သိမ်းနိုင်တယ်၊ မြောက်ဘက်ခြမ်းတော့ မသိမ်းနိုင်ဘူး၊ စခန်းမှူး လွတ်သွားတယ်လို့တော့ သိရတယ်။ လေယာဉ်က ၃ စီးလာပြီး ဝမ်ပေါင်နဲ့ မုံရွာကလည်း လက်နက်ကြီး လှမ်းထုနေတာကြောင့် အကုန်မသိမ်းနိုင်တာလည်းပါတယ်” ရဲဘော်တဦးက ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၁၀ ဦးကျော်သေကာ ရဲ ၂ ဦး အရှင်ဖမ်းမိခဲ့ပြီး သေနတ် ၇ လက်၊ ကျည်အများအပြား၊ စကားပြောစက်(icon) ၊ ဗုံးသီးတချို့နဲ့ တခြားစစ်ဘက်ဆိုင်ရာ ဆက်စပ်ပစ္စည်းအများပြား သိမ်းဆည်းနိုင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဆိုပါတယ်။

မဟာမိတ်တပ်ပေါင်းစုဘက်ကလည်း တခြားပြည်နယ်ကနေ အညာဒေသကို လာတိုက်ပေးနေတဲ့ ရဲဘော်တဦးကျဆုံးကာ ရဲဘော် ၂ဦး ဒဏ်ရာရခဲ့ပြီး ရဲဘော်တွေရဲ့အချက်အလက် အသေးစိတ်ကတော့ မပြောနိုင်သေးဘူးလို့ ဆိုပါတယ်။

ညောင်ပင်ကြီး၊ အိုမ၊ ထန်းတောကြီး၊ ရွာရှည်၊ ရုံးပင်ရိုး၊ ထန်းတော၊ ပလောင်၊ ဝက်မှေး၊ ကံတော် စတဲ့ကျေးရွာက ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရပြီး ကျေးရွာထဲမှာ ပိတ်မိနေတဲ့ပြည်သူတွေလည်း ရှိနေတဲ့အတွက် ကာကွယ်ရေးအဖွဲ့တွေက တညလုံး ကယ်ထုတ်ပေးနေရတယ်လို့ သိရပါတယ်။

အခုလက်ရှိ ညောင်ပင်ကြီးစခန်းကို ကျောက်မျက်တောင်နဲ့ မုံရွာဘက်ကနေ စစ်ကူစစ်ကြောင်းတွေ ပို့ပေးနေပြီး ရဲစခန်းတဝိုက်ကနေအိမ်တွေကို မီးလိုက်ရှို့နေတယ်လို့ သိရပါတယ်။

စာတည်း – လင်းဇေ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။