အုတ်ဖိုက ပျူစောထီးဆိုသူ နယ်ထိန်းရဲယောက္ခမ သေနတ်နဲ့ပစ်သတ်ခံရ

0 1
0 1

ပဲခူး၊ ဇွန် ၄၊ ၂၀၂၃။

ပဲခူးတိုင်း(အနောက်ခြမ်း)၊ အုတ်ဖိုမြို့နယ်၊ ဝိုင်းရဲကင်းစခန်းအနီးမှာနေထိုင်တဲ့ ပျူစောထီးဆိုသူ အမျိုးသား ၁ ဦး ဇွန်လ ၄ ရက် ဒီမနက် ၉ နာရီလောက်မှာ သေနတ်နဲ့ပစ်သတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

ပစ်ခတ်ခံရသူမှာ အသက် ၅၀ အရွယ် ဦးစိုးမြင့်ဖြစ်ပြီး ၎င်းမှာ ဝိုင်းရဲကင်းစခန်းက နယ်ထိန်းရဲ သန်းဌေးဦးရဲ့ယောက္ခမတော်စပ်သူဖြစ်ကာ ဒေသတွင်းပျူစောထီးလုပ်ငန်းတွေ ဆောင်ရွက်နေသူဖြစ်လို့ ပစ်ခတ်ရှင်းလင်းခဲ့တာလို့ PDF တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၅ ကြို့ပင်ကောက် HERO ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတဦးက ပြောပါတယ်။။

“သူ့အိမ်က ရဲစခန်းနဲ့ ၁ ဖာလုံလောက်ဘဲ ဝေးတာ။ သူ့ကို စောင့်ကြည့်နေတာကြာပြီ။ ဒီနေ့ မိသားစုရှိတော့ ကျန်တဲ့သူ အန္တရာယ်မရှိအောင် သေချာအောင်စောင့်ပြီး အပြီးပစ်ခတ်ခဲ့တာ ပွဲချင်းပြီးပဲ” လို့ Hero ပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူ ဗိုလ်မိုးကြိုးက မြေလတ်အသံကို ပြောပါတယ်။

ပစ်ခတ်မှုအပြီး ဝိုင်းရဲကင်းစခန်းက ရဲနဲ့စစ်သားတွေက ၄၀ မမ၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာတွေရှိပေမယ့် တိုက်ခိုက်ရေးရဲဘော်တွေ အန္တရာယ်ကင်းခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

ဦးစိုးမြင့်ဟာ မိုင်းကွင်းတွေကိုစုံစမ်းတာအပြင် PDF စခန်းတွေကို ထောက်လှမ်းကာ ဖမ်းဆီးဖို့အမြဲလို ကြိုးစားလူပ်ရှားနေသူလို့ ဆိုပါတယ်။

ဝိုင်းရဲကင်းစခန်းမှာ ရဲတပ်ဖွဲ့အပြင် စစ်ကောင်စီတပ်လည်းတပ်စွဲထားကာ အင်အား ၂၅ ဦးခန့်ရှိပြီး လက်ရှိမှာ စခန်းအတွင်း စစ်အုပ်စုက အပြင်ထွက်သွားလာတာမျိုးမတွေ့ရသလို ဦးစိုးမြင့်ရဲ့အလောင်းကို လာရောက်သယ်ဆောင်တာ မရှိသေးဘူးလို့ သိရပါတယ်။

အုတ်ဖိုမြို့နယ်ကို စစ်ကောင်စီက ဖေဖော်ဝါရီလ ၂ ရက်နေ့ကစလို့ စစ်အုပ်ချုပ်ရေးဒေသအဖြစ် ကြေငြာထားတာဖြစ်ပြီး ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ ၇ ရက်ကလည်း အုတ်ဖိုမြို့နယ်၊ ကျွဲဖြူမ(မြောက်)ရွာက ပျူစောထီးခေါင်းဆောင်လို့ သတင်းကြီးသူ ကိုသံချောင်း သေနတ်နဲ့ပစ်ခတ်ရှင်းလင်းခံခဲ့ရသေးတယ်လို့ သိရပါတယ်။

စာတည်း- ရင်ငြိမ်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။