သေဆုံးသွားတဲ့ မုံရွာပြောက်ကြားခေါင်းဆောင် ဗိုလ်ဒဿကို မြေမြှုပ်သင်္ဂြိုဟ်

0 1
0 1

စစ်ကိုင်း၊ ဇွန် ၄၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ နဂါးတွင်းရွာမှာ စစ်ကောင်စီစစ်ကြောင်းနဲ့ ထိပ်တိုက်တိုးပြီး ပစ်သတ်ခံလိုက်ရတဲ့ ဗိုလ်ဒဿရဲ့ ရုပ်အလောင်းကို ဇွန်လ ၄ ရက် မနက်ပိုင်းက မုံရွာမြို့နယ်၊ အမြင့်ကျေးရွာမှာ မြေမြှုပ်သင်္ဂြုလ်လိုက် တယ်လို့ ဒဿ Monywa PDF ပြောက်ကြားတပ်ဖွဲ့ဆီက သိရပါတယ်။

စစ်ကောင်စီစစ်ကြောင်းနဲ့ ထိပ်တိုက်တိုးပြီး အပစ်ခံရလို့ ဗိုလ်ဒဿရဲ့ ညာဘက်ပေါင်ကို ကျည်ထိမှန်သွားရာ ကြိုးစားပေးပေမယ့် ဘယ်လိုမှမလွတ်တဲ့အဆုံး စစ်ကောင်စီက ဖမ်းမိသွားတာဖြစ်ကြောင်း၊ စစ်ကောင်စီက သူ့ကို အဲဒီနေရာမှာတင် ခေါင်းကိုသေနတ်နဲ့ တေ့ပစ်သွားတာ ဖြစ်တယ်လို့ ဒဿ Monywa PDF ပြောက်ကျားတပ်ဖွဲ့မှ ဗိုလ်တိုက်ဂါးက ပြောပါတယ်။

ဗိုလ်ဒဿရဲ့ ရုပ်အလောင်းကို ဇွန်လ ၃ ရက် ညနေပိုင်း ၆ နာရီလောက်မှာ ပြန်ကောက်လာပြီး ဒီနေ့မနက်ပိုင်း ၆ နာရီခွဲမှာ ဆွမ်းသွပ်ကာ ၈ နာရီခွဲမှာ ဈာပနအခမ်းအနားကိုအကျဉ်းချုံးကျင်းပခဲ့တယ်လို့ ဆိုပါတယ်။

PDF တပ်ဖွဲ့ထဲမရောက်ခင်မှာ ဗိုလ်ဒဿဟာ လူမှုရေးအသင်းမှာ ကားမောင်းတဲ့ပရဟိတလုပ်ငန်းတွေ လုပ်ခဲ့သလို ကိုဗစ်ကာလအချိန်မှာလည်း မရှိဆင်းရဲတဲ့အိမ်တွေကို လိုက်လံပြီး စားစရာသောက်စရာ၊ ချက်စရာပြုတ်စရာတွေ ကူညီထောက်ပံ့တာတွေ လုပ်ခဲ့သေးတယ်လို့ ဗိုလ်တိုက်ဂါးက ပြောပါတယ်။

“သူ့မိသားစုဝင်တွေအားလုံး စုံစုံလင်လင်တက်ရောက်ပါတယ်။ တက်ရောက်နိုင်အောင်လည်း ကျနော်စီစဉ်ပေးပါတယ်။ ရဲဘော်အင်အား ၅၀ တက်ရောက်ခဲ့နိုင်ပါတယ်” လို့ သူက ပြောပါတယ်။

နားရေးပြုလုပ်တဲ့ရက်မှာ စစ်ကြောင်းထိုးနေတာတွေရှိနေလို့ ရဲဘော်ရဲ့ နာရေးအခမ်းအနားကို အကျဉ်းချုံးပြီး သူ့အလောင်းကို မြေမြှပ်ခဲ့ပါတယ်။ နောက်မှ အဲဒီနေရာကို အုတ်ဂူပြန်တည်ဆောက်မှာဖြစ်တယ်လို့ သိရပါတယ်။

စာတည်း – လင်းဇေ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။