စစ်ကောင်စီစစ်ကြောင်းနဲ့ ထိပ်တိုက်တိုးပြီး မုံရွာ ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်ဒဿ ကျဆုံး

0 1
0 1

စစ်ကိုင်း၊ ဇွန် ၃၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ နဂါးတွင်းကျေးရွာဘက်ကို စစ်ကူသွားရင်း စစ်ကောင်စီစစ်ကြောင်းနဲ့ထိပ်တိုက်တိုးပြီး ဒဿ Monywa PDF ပြောက်ကျားတပ်ဖွဲ့ရဲ့ ခေါင်းဆောင် ဗိုလ်ဒဿ ကျဆုံးခဲ့တယ်လို့ ယင်းမာပင်ခရိုင်တပ်ရင်း ၁၆ အဖွဲ့ဆီက သိရပါတယ်။

“နဂါးတွင်းရွာဘက်ကို သွားကူတိုက်ဖို့ဟာက တဖွဲ့ကမလာနဲ့ပြောတာကို သူကတက်လာတယ်ပြောတယ်။ အဲဒီမှာ ခွေးတပ်နဲ့ထိပ်တိုက်တိုးမိသွားတာ။ သူ့ကို ခေါင်း ၁ ချက်၊ ပေါင် ၁ ချက်မှန်ပြီး အဲဒီမှာတင် ဒဿကျဆုံး သွားတာ။ အခုလက်ရှိမှာတော့ သူ ၁ ယောက်တည်းကျဆုံးသွားတာပဲ သိရသေးတယ်။” လို့ ယင်းမာပင်ခရိုင်တပ်ရင်း ၁၆ တပ်ရင်းမှူး ဗိုလ်အောက်ဆွဲက ပြောပါတယ်။

မုံရွာမြို့နယ်၊ နဂါးတွင်းကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ထိပ်တိုက်တိုးမိပြီး အခုလိုဖြစ်ခဲ့တာဖြစ်ပြီး အခြားရဲဘော်တွေကျဆုံးခြင်း ရှိမရှိကို မသိရသေးဘူးလို့ သူက ဆက်ပြောပါတယ်။

မုံရွာမြို့ ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်ဒဿရဲ့အလောင်းကိုပြန်ရခဲ့တာကြောင့် သူတို့နယ်မြေထဲကို ပြန်သယ်သွားနိုင်တယ်လို့ ဆိုပါတယ်။

ဗိုလ်ဒဿဟာ အသက် ၂၃ နှစ်ရွယ် လူပျိုတယောက်ဖြစ်ပြီး မိဘတွေနဲ့ ဆွေမျိုးတွေ ကျန်ရှိခဲ့ပါတယ်။ သူဟာ ကျောင်းသားတယောက်လည်းဖြစ်သလို ဓာတ်ပုံဆရာတယောက်လည်းဖြစ်တယ်လို့ ဗိုလ်ဒဿနဲ့အတူ UG တပ်ပေါင်းစုကို စတည်ထောင်ခဲ့ကြတဲ့ ယင်းမာပင်ခရိုင်တပ်ရင်း ၁၆ တပ်ရင်းမှူး ဗိုလ်အောက်ဆွဲက ဆိုပါတယ်။

စာတည်း – လင်းဇေ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။