myaelatt athan

Sharing Information to the Local

အမြန်လမ်းပေါ် ဆိုင်ကယ်စီးလာတဲ့ ရဲတပ်ကြပ်ကြီး ၁ ဦး သေနတ်ပစ်ခံရပြီး သေဆုံး

ရမည်းသင်း၊ မတ် ၃၀၊ ၂၀၂၅။

မန္တလေးတိုင်း၊ ရမည်းသင်းမြို့၊ ရမည်းသင်းမြို့မရဲစခန်းက ရဲတပ်ကြပ်ကြီးအဆင့်ရှိသူ ၁ ဦး သေနတ်ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ တိုက်ဒေါင်းပြည်သူ့တော်လှန်ရေးအင်အားစုဆီက သိရပါတယ်။

သေဆုံးသူမှာ အသက် ၄၅ ဝန်းကျင်အရွယ် ရဲတပ်ကြပ်ကြီး သန်းထိုက် ဖြစ်ပြီး မတ် ၂၈ ရက် မနက် ၉ နာရီခွဲဝန်းကျင်မှာ ရမည်းရဲစခန်းကနေ ဆိုင်ကယ်နဲ့ထွက်လာချိန် အမြန်လမ်းမိုင်တိုင် ၂၅၆ အနီးအရောက်မှာ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

“ အမြန်လမ်း မိုင်တိုင် ၂၅၄၊ ၂ ဖာလုံခန့်မှာ ပစ်ခတ်ရှင်းလင်းခဲ့တာ။ ဆိုင်ကယ်နဲ့ တဦးတည်းလာတာ။ ၄ ချက်ပဲပစ်ခတ်လိုက်ရတာ၊ ခေါင်း ၂ ချက်၊ ရင် ဘတ် ၂ ချက် ပစ်ခတ်ခဲ့တာ။” လို့ တိုက်ဒေါင်းပြည်သူ့တော်လှန်ရေးအင်အားစုတာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။

ပစ်ခတ်ပြီးတဲ့နောက် ရဲတပ်ကြပ်ကြီး သန်းထိုက် ထံကနေ WY စိတ်ကြွမူးယစ်ဆေးပြား ၃၀ ပြား၊ မိုဘိုင်းလ် ဖုန်း ၃ လုံး၊ ပါဝါဘန့် ၁ ခုတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

ပစ်ခတ်မှုကို တိုက်ဒေါင်းပြည်သူ့တော်လှန်ရေးအင်အားစုနဲ့ ရမည်းသင်းခရိုင် ပကဖ တို့က ပူးပေါင်းလုပ်‌ဆောင်ခဲ့တာဖြစ်ပါတယ်။

မတ် ၃ ရက်ကလည်း တောင်သာမြို့နယ်၊ ဗိဿနိုးအထိုင်စခန်းနဲ့ မကျည်းတန်းစစ်ဆေးရေးဂိတ်တွေကို တိုက်ဒေါင်းပြည်သူ့တော်လှန်ရေးအင်အားစုက ဒရုန်းနဲ့ဗုံးကြဲချခဲ့ပါသေးတယ်။

စာတည်း – ဟိန်းစံ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။