စစ်ရှောင်တွေကျန်ခဲ့တဲ့ အိမ်မွေးတိရိစ္ဆာန်တွေကို တိုက်ပွဲတဖက်နဲ့ PDFက စောင့်ရှောက်ပေးထား

0 1
0 1

စစ်ကိုင်း၊ ဇွန် ၂၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ ရွာသာရွာအနီးတဝိုက်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ပြည်သူတွေချန်ထားရစ်ခဲ့တဲ့ ကျွဲနွားတိရစ္ဆာန်တွေကို PDFတွေက စောင့်ရှောက်ပေးထားကြတယ်လို့ သိရပါတယ်။

မေလ ၂၂ ရက် ကစပြီး တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာကြောင့် ကျေးရွာ ၅ ရွာထက်မနည်း အရေးပေါ်စစ်ရှောင်နေရပြီး အိမ်မွေးတိရစ္ဆာန်တွေကို ခေါ်သွားချိန်မရဘဲ ရွာထဲမှာပဲ ထားခဲ့ရတာဖြစ်တဲ့အတွက် ရဲဘော်တွေက ကျွေးမွေးစောင့်ရှောက်ပေးနေတာဖြစ်တယ်လို့ ဆိုပါတယ်။

“အရေအတွက်ကတော့များတယ် တအိမ်ဆို ဝက်ချည်းပဲ အကောင် ၂၀လောက်ရှိတယ်။ ရဲဘော်လေးတွေ ဒီလိုပဲ မျှပြီးစောင့်ရှောက်ပေးနေရတယ်။ ကျွဲနွားအရမ်းများတဲ့သူတွေကတော့ လာယူသွားကြပြီ။ တချို့တဝက်ကတော့ စောင့်ရှောက်ပေးနေရဆဲပဲ” လို့ ABSDFရဲ့ ထောက်လှမ်းရေးတာဝန်ခံ ကိုစောက ပြောပါတယ်။

တိုက်ပွဲတွေကြောင့် ရွာသာယာ၊ မော်တိတ်၊ နံ့သာ၊ အောင်းကုန်း၊ ကျွန်းတောစတဲ့ကျေးရွာတွေက ပြည်သူ ၁၅၀၀ ကျော် စစ်ရှောင်နေရပြီး အဲ့ဒီရွာတွေမှာရှိတဲ့ အိမ်မွေးတိရစ္ဆာန်တွေကို ရဲဘော်တွေ အလှည့်ကျ ကျွေးမွေးစောင့်ရှောက်နေကြတာလည်း ဖြစ်ပါတယ်။

ပြည်သူတချို့ကတော့ ကျေးရွာထဲပြန်ဝင်နေကြတာတွေရှိပေမယ့် စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ လေကြောင်းရန်တွေလည်း ရှိနေတဲ့အတွက် စိတ်ချရတဲ့အနေထားတော့ မရှိသေးဘူးလို့ ဆိုပါတယ်။

အင်းတော်မှာ မေလ ၂၂ရက်ကနေ ၂၇ရက်ထိ ၅ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အရာရှိနဲ့ တပ်ကြပ်ကြီးအဆင့် ၅ဦးအပါ ၁၃ဦး သေဆုံးခဲ့သလို ၃ ရက် လေကြောင်းနဲ့ပစ်ခတ်လို့ ပြည်သူ ၃ဦး သေဆုံးကာ ဘုန်းကြီးကျောင်းနဲ့ နေအိမ်တချို့ ပျက်စီးခဲ့ပါသေးတယ်။

စာတည်း – ဇို

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။