စစ်တပ်ကို ဘယ်လိုအလျှော့ပေးညှိနှိုင်းမှုမှမလုပ်လိုတဲ့အချက်အပါ အသိပေးချက် ၃ ချက် ဒိုက်ဦးထောင်ကနိုင်ကျဉ်းတွေ အသိပေး

0 1
0 1

မြေလတ်အသံ၊ ဖေဖော်ဝါရီ ၁၊ ၂၀၂၅။

အာဏာသိမ်းမှု ၄ နှစ်ပြည့်တဲ့ ဒီကနေ့မှာ ဒိုက်ဦးအကျဉ်းထောင်တွင်းက နိုင်ငံရေးအကျဉ်းသားတွေဆီက အချက် ၃ ချက်ပါတဲ့ အသိပေးမှုတခုကို မြေလတ်အသံက လက်ခံရရှိခဲ့ပါတယ်။

ဒိုက်ဦးထောင်က နိုင်ကျဉ်းတွေပြောတဲ့ အချက် ၃ ချက်ထဲမှာ လက်ရှိတော်လှန်ရေးမှာ သွေးချွေးတွေနဲ့ရယူထားတဲ့ အောင်မြင်မှုတွေအတွက် စစ်တပ်နဲ့ ဘယ်လိုမျိုးအလျှော့ပေးညှိနှိုင်းမှုမျိုးကိုမှ မလုပ်ဖို့ မေတ္တာရပ်ခံကြောင်း၊ တော်လှန်ရေးရဲ့ အောင်မြင်မှုတွေကို အားရကျေနပ်ကြောင်း၊ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီမရရှိခဲ့ရင် အကျဉ်းထောင်အတွင်းက အသက်ရှင်လျက်ထွက်လိုခြင်းမရှိကြောင်း စတဲ့ ၃ ချက်ကို ထောင်တွင်းကနေ အသိပေးလိုက်တာပါ။

ဒိုက်ဦးအကျဉ်းထောင်ဟာ စစ်အာဏာသိမ်းမှုနောက်ပိုင်း မြို့ပြတွေမှာ ဖမ်းဆီးခံခဲ့ရတဲ့ တက်ကြွလှုပ်ရှားသူတွေကို မိဘဆွေမျိုးတွေနဲ့ ကင်းကွာအောင် ပို့လိုက်တဲ့ နယ်အကျဉ်းထောင်ဖြစ်ပါတယ်။

အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံရေးအကျဉ်သားတွေ ဒိုက်ဦးထောင်အပါအဝင် နယ်အကျဉ်းထောင်တွေကို ရည်ရွယ်ချက်ရှိရှိ ပို့ခံရတဲ့အပြင် မိသားစုနဲ့ အဆက်အသွယ်ကန့်သတ်တာတွေ ခံနေရပါတယ်။

ထောင်တွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အပြင်ကို မပေါက်ကြားစေဖို့ တင်းတင်းကျပ်ကျပ် ကန့်သတ်ခံထားရတယ်လို့ ဒိုက်ဦးထောင်သတင်းရင်းမြစ်ဆီက သိရပါတယ်။

နိုင်ငံရေးအကျဉ်းသားများ စောင့်ရှောက်ရေးအသင်း AAPP ရဲ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းချိန်ကစပြီး ၂၀၂၅ ဇန်နဝါရီ ၃၁ ရက်အထိ နိုင်ငံရေးလှုပ်ရှားမှုများကြောင့် ဖမ်းဆီးထိန်းသိမ်းခံရသူ ၂၈,၄၄၄ဦး ရှိပြီး သေဆုံးသူအရေအတွက် ၆,၂၃၈ ဦးရှိပြီဖြစ်တယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။