၄ နှစ်တာကာလအတွင်း ကျဆုံးခဲ့တဲ့ရဲဘော်တွေရဲ့ မိဘတွေကို ထောက်ပံ့ငွေပေး

0 2
0 2

မြေလတ်အသံ၊ ဖေဖော်ဝါရီ ၁၊ ၂၀၂၅။

အာဏာသိမ်းပြီး ၄ နှစ်တာကာလအတွင်း ဆိပ်ဖြူဘာမထီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ကျဆုံးခဲ့တဲ့ တပ်ဖွဲ့ဝင်တွေရဲ့မိဘတွေကို အာဏာသိမ်း ၄ နှစ်ပြည့် ဖေဖော်ဝါရီ ၁ ရက် ဒီနေ့မှာ ထောက်ပံ့ငွေတွေပံ့ပိုးပေးခဲ့တယ်လို့ အဲဒီတပ်ဖွဲ့ဆီ‌က သိရပါတယ် ။

ကျဆုံးသွားတဲ့ ရဲဘော် ၁၃ ဦးရဲ့ မိဘတွေကို ‌၁ ဦးလျှင် ငွေကျပ် ၂ သိန်းစီ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ထောက်ပံ့ပေးခဲ့ပြီး အဝေးရောက်နေတဲ့ အချို့မိသားစုဝင်တွေကိုတော့ ဖုန်းကနေတဆင့်အကျိုးအကြောင်းပြောကာ ကန်တော့ခဲ့တယ်လို့ ပခုက္ကူခရိုင်အမှတ်(၁၉)တပ်ရင်း က ရဲဘော်မိုက်ကယ်က ပြောပါတယ်။

“ပုံမှန်တော့ ကျနော်တို့ထောက်ပံ့ပေးတာမျိုးတော့ မရှိပါဘူး။ ပြည်သူတွေကမှတဆင့် ထောက်ပံ့တဲ့ငွေကို ကျနော်တို့ နိုင်သလောက်စုပြီးတဲ့အခါမျိုးမှာ ထောက်ပံ့ပေးတာပါ။ အခုထောက်ပံ့ငွေတွေကိုတော့ သူတို့နေအိမ်အထိသွားပြီး ထောက်ပံ့ပေးဖြစ်ပါတယ်။” လို့ ရဲဘော်မိုက်ကယ်က ဆိုပါတယ်။

မြန်မာတနိုင်ငံလုံးဟာ စစ်ကောင်စီတပ်ဖွဲ့ရဲ့ မတရားသဖြင့်အာဏာသိမ်းခံရတာ ၄ နှစ်ရှိပြီဖြစ်ပြီး ယနေ့အချိန်ထိ ရွပ်ရွပ်ချွံချွံပါဝင်ခဲ့သူတိုင်းကို လေးစားလျက်ရှိကြောင်းနဲ့ အာဏာရှင်အမြစ်ပြုတ်သည့်တိုင်အောင် ဆက်လက်တိုက်ပွဲဝင်ပေးကြစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့ပါတယ်။

စာတည်း – ကိုချမ်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။