ယန်စီတရုတ်ကြေးနီစီမံကိန်းရှိ စစ်ကော်မရှင်တပ်က လက်နက်ကြီးနဲ့ပစ်လို့ ဒေသခံအမျိုးသား ၁ ဦးသေဆုံး

0 12
0 12

ယင်းမာပင်၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ယန်စီတရုတ်ကြေးနီစီမံကိန်းမှာ တပ်စွဲထားတဲ့စစ်ကော်မရှင်တပ်တွေက လက်နက်ကြီးပစ်ခတ်ခဲ့တာကြောင့် ဒေသခံအမျိုးသား ၁ ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇန်နဝါရီ ၁၁ ရက် မနက်ပိုင်းက ပစ်ခတ်ခဲ့တာကြောင့် ယင်းမာပင်မြို့နယ်၊ ဝါးတန်းရွာက နေအိမ် ၁ လုံးပေါ် ကျရောက်ပေါက်ကွဲပြီး အသက် ၄၀ အရွယ် ကိုသိန်းဇော်ကို ထိမှန်သေဆုံးခဲ့တာလို့ ဆိုပါတယ်။

“အိမ်ပေါ်ကို ကျတာ၊ ဖြစ်ပြီးတော့ စစ်ကြောင်းထိုးတယ်၊ လက်လည်း ပြတ်သွားတယ်၊ ဒီနေ့တော့ သင်္ဂြိုဟ်ရမှာ။”လို့ ရွာခံတဦးက ပြောပါတယ်။

သေဆုံးသူ ကိုသန်းဇော်ဟာ ယန်စီကုမ္မဏီက CDM ပြုလုပ်ထားတဲ့ စက်ရုံဝန်ထမ်းတဦးဖြစ်ပြီး လက်နက်ကြီးကျလို့ နေအိမ်တွေလည်းထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် လက်နက်ကြီးပစ်ခတ်ပြီးနောက် စစ်ကော်မရှင်တပ်က ဝါးတန်းရွာကို စစ်ကြောင်းထိုးခဲ့ပြီး ညနေပိုင်းမှာတော့ စီမံကိန်းဝန်းအတွင်း ပြန်ဝင်သွားတယ်လို့ သိရပါတယ်။

ယန်စီကုမ္ပဏီဝန်းအတွင်းမှာ တပ်စွဲနေတဲ့စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေဟာ ဇန်နဝါရီ ၁ ရက် နှစ်သစ်ကူးညကလည်း အနီးဝန်းကျင်ရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် တယ်ပင်ကန်ရွာက ရွာသား ၃ ဦး ဒဏ်ရာရခဲ့ပါသေးတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။