1
စစ်ကိုင်း၊ မေ ၃၁၊ ၂၀၂၃။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်တပ်ပိုင် မြဝတီဘဏ်ရှေ့မှာ အာဏာရှင်ဆန့်ကျင်ရေးစာတန်းကို မုံရွာလူငယ် များအစည်းအရုံးအဖွဲ့ဝင်တွေက မေလ ၃၁ ရက် ဒီနေ့မနက် ၇ နာရီက ချိတ်ဆွဲခဲ့ကြပါတယ်။
ချိတ်ဆွဲထားတဲ့ဘန်နာပေါ်မှာ “ကျွေးတဲ့လက်ပြန်ကိုက်တဲ့စစ်ခွေး မင်းပထွေး မအလ နာရေးအတွက် ပြင်ဆင်ထားဟေ့” လို့ စာလုံးအနီတွေနဲ့ ရေးသားဖော်ပြထားပါတယ်။
အဆိုပါ ဘန်နာစာတန်းကို လုံခြုံရေးအရ ကာရံတားဆီးထားတဲ့ ဝါးလုံးတွေအပေါ်မှာ ချိတ်ဆွဲခဲ့တာဖြစ်ပါတယ်။
စာတည်း – လင်းဇေ