မိုးကုတ်က ကျောက်တွင်းကို စစ်ကောင်စီကလေယာဥ်နဲ့ဗုံးကြဲလို့ အရပ်သား ၅ ဦးသေဆုံးကာ ၂၀ နီးပါးဒဏ်ရာရ

0 1
0 1

မန္တလေး၊ ဖေဖော်ဝါရီ ၁၀၊ ၂၀၂၅။

မန္တလေးတိုင်း၊ မိုးကုတ်မြို့အနောက်ခြမ်းမှာရှိတဲ့ ဝင်းထရံရပ်ကွက်ကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားတဲ့အတွက် ၅ ဦးသေဆုံးပြီး ၂၀ နီးပါးဒဏ်ရာရရှိခဲ့တယ်လို့ မိုးကုတ်မြို့ခံဆီက သိရပါတယ်။

ဖေဖော်ဝါရီလ ၁၀ ရက် မနက် ၁ နာရီဝန်းကျင်မှာ သယ်ယူပို့ဆောင်ရေးလေယာဉ် Y 12 ၁ စီးနဲ့ ဝင်းထရံရပ်ကွက်ထဲမှာရှိတဲ့ ကျောက်တွင်းလုပ်ငန်းခွင်ထဲကို ၁၀ မိနစ်ကျော် ဗုံးကြဲချသွားလို့ ဒေသခံ ၅ ဦးသေဆုံးပြီး ၁၉ ဦးထိဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။

“တွင်းလုပ်တဲ့ တဲတွေပေါ်ကျတာဗျ၊ တဲအိမ်တွေပဲ ပျက်စီးသွားတာ ထိတွေ့မှုလည်းမရှိဘူး တွင်းလုပ်ငန်းမှာ အဖွဲ့အစည်းတွေလုပ်ကိုင်တယ်ဆိုပြီး သတင်းတွေထွက်နေလို့နေမှာ၊ ဒဏ်ရာရတဲ့သူတွေထဲမှာ စိုးရိမ်ရတဲ့သူတွေလည်းပါတယ်” လို့ မိုးကုတ်မြို့ခံ ကိုကျားပေါက်က ပြောပါတယ်။

ထိခိုက်သေဆုံးသူနဲ့ ဒဏ်ရာရသူတွေဟာ ဝင်းထရံရပ်ကွက်က ဒေသခံတချို့ နဲ့ အခြားနယ်ကနေလာပြီး ကျောက်တွင်းလာရောက်လုပ်ကိုင်နေတဲ့ သူတွေဖြစ်ကာ သေဆုံးသွားသူအချို့ကတော့ ရုပ်ပျက်ဆင်းပျက်နဲ့ သေဆုံးခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။

ဗုံးသီးချတိုက်ခိုက်ခံရတဲ့နေရာမှာ ပြည်သူတချို့သာကျန်ရှိပြီး အများစုကတော့ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

မိုးကုတ်မြို့ကို ပြီးခဲ့တဲ့ ၂၀၂၄ ဇူလိုင် ၂၄ ရက်မှာ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နဲ့ ကာကွယ်ရေးပူးပေါင်းပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်ထားတာပဲဖြစ်ပါတယ်။

၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၁ ရက်ကလည်း မိုးကုတ်မြို့က လူနေရပ်ကွက်ကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့လို့ ဒေသခံ ၁၀ ဦးထက် မနည်းသေဆုံးခဲ့ပါတယ်။

စာတည်း – ဈာန်မြင့်

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။