နေ့စဥ်ဗုံးကြဲနေတဲ့စစ်ခေါင်းဆောင်က ကိုယ်စီလိုလားချက်တွေကို လက်နက်မကိုင်ဘဲ နိုင်ငံရေးနည်းလမ်းနဲ့သာဖြေရှင်းဖို့ တိုက်တွန်း

0 1
0 1

မြေလတ်အသံ၊ ဖေဖော်ဝါရီ ၁၂၊ ၂၀၂၅။

ကိုယ်စီလိုလားချက်တွေကို လက်နက်ကိုင်ပြီးမတောင်းဆိုကြဖို့နဲ့ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းလမ်းနဲ့သာဖြေရှင်းကြဖို့ တိုက်တွန်းလိုပြီး စည်းလုံးညီညွတ်မှုမရှိတဲ့နိုင်ငံဟာ ရေနဲ့ဆားလို ပျောက်ကွယ်သွားမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၇၈ နှစ်မြောက် ပြည်ထောင်စုနေ့သဝဏ်လွှာမှာ ထည့်သွင်းပြောဆိုလိုက်ပါတယ်။

ဖေဖော်ဝါရီ ၁၂ ရက် ဒီကနေ့မှာကျရောက်တဲ့ ၇၈ နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို နေပြည်တော်မှာ စစ်ကောင်စီဒုတိယခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဦးဆောင်ပြုလုပ်ခဲ့ပြီး စစ်ခေါင်းဆောင်ပေးပို့တဲ့ သဝဏ်လွှာကို ဖတ်ကြားခဲ့တာပါ။

ပုံစာ – စစ်ကောင်စီကျင်းပသည့် ၇၈ နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား။ (ဓါတ်ပုံ – စစ်ကောင်စီ)
ပုံစာ – စစ်ကောင်စီကျင်းပသည့် ၇၈ နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား။ (ဓါတ်ပုံ – စစ်ကောင်စီ)

ပါတီစုံဒီမိုကရေစီစနစ်ကို လျှောက်လှမ်းရာမှာ တဦးနဲ့တဦးသဘောထားကွဲလွဲတာတွေရှိနိုင်ပေမယ့် ကိုယ်စီလိုလားချက်တွေကို လက်နက်ကိုင်အကြမ်းဖက်တဲ့နည်းလမ်းနဲ့ တောင်းဆိုတာဟာ မှားယွင်းတဲ့လမ်းစဥ်ဖြစ်လို့ မှန်ကန်တဲ့ကောင်းကျိုးရလဒ်တွေ မရနိုင်ဘူးလို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

တိုင်းရင်းသားတွေအနေနဲ့နားလည်မှုလွဲမှားတာတွေ ပဋိပက္ခတွေရှိရင် တွေ့ဆုံဆွေးနွေးခြင်းနဲ့သာ ဖြေရှင်းနိုင်မှာဖြစ်ကြောင်းနဲ့ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းနိုင်ဖို့ ငြိမ်းချမ်းရေးတံခါးကို အစဥ်ဖွင့်လှစ်ထားတယ်လို့လည်း ဆိုပါတယ်။

ပုံစာ – စစ်ကောင်စီကျင်းပသည့် ၇၈ နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား။ (ဓါတ်ပုံ – စစ်ကောင်စီ)
ပုံစာ – စစ်ကောင်စီကျင်းပသည့် ၇၈ နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား။ (ဓါတ်ပုံ – စစ်ကောင်စီ)

စစ်ခေါင်းဆောင်ကတွေ့ဆုံဆွေးနွေးဖို့အတွက် နှစ်ပတ်လည်သဝဏ်လွှာတွေနဲ့ အစည်းအဝေး၊ မိန့်ခွန်းတွေ အားလုံးနီးပါးမှာ ထည့်သွင်းပြောဆိုလေ့ရှိပေမယ့်တဖက်မှာလည်း နိုင်ငံအနှံ့အပြားရှိ တော်လှန်ရေးတပ်တွေထိန်းချုပ်နယ်မြေတွေက ကျေးရွာ၊ စစ်ရှောင်စခန်းနဲ့ ဘာသာရေးအဆောက်အဦတွေ အပါအဝင် အရပ်ဘက်နေရာတွေကို နေ့စဥ်လေကြောင်းက ဗုံးကြဲတိုက်ခိုက်နေလို့ ကလေးနဲ့အမျိုးသမီးတွေအပါ အရပ်သားတွေသေဆုံးနေရတာပါ။

ယခုလအစောပိုင်းမှာပဲ ကလေးမြို့တောင်ပိုင်းရှိ စစ်ရှောင်စခန်းကို စစ်ကောင်စီကလေယာဥ်နဲ့ ဗုံးကြဲချခဲ့လို့ ကလေးတွေအပါအဝင် စစ်ရှောင်အရပ်သား ၉ ဦးသေဆုံးခဲ့ပြီး ကနီ၊ တောင်သာ၊ ပေါက်၊ မြောင် စတဲ့မြို့နယ်တွေမှာလည်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။