ဆိုင်ကယ်နဲ့ ကင်းလှည့်ထွက်လာတဲ့ ပျူစောထီးအဖွဲ့ဝင် ၂ ဦး အနီးကပ်ပစ်ခံရပြီး သေဆုံး

0 1
0 1

မန္တလေး၊ ဖေဖော်ဝါရီ ၁၇၊ ၂၀၂၅။

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ ဆိုင်ကယ်နဲ့ကင်းလှည့်ထွက်လာတဲ့ စစ်ကောင်စီလက်‌အောက်ခံ ပျူစောထီးအဖွဲ့ဝင် ၂ ဦးကို အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Freedom Fighter Guerrilla Force ဆီက သိရပါတယ်။

ဖေဖော်ဝါရီ ၁၇ ရက် နေ့လယ် ၁၀ နာရီ ၄၅ မိနစ်မှာ မြင်းခြံမြို့နယ်၊ အမှတ် ၁၈ ရပ်ကွက်ထဲကို ဆိုင်ကယ် ၁ စီးနဲ့ ကင်းလှည့်ထွက်လာတဲ့ စစ်ကောင်စီလက်‌အောက်ခံ ပျူစောထီးအဖွဲ့ဝင် ၂ ဦးကို အနီးကပ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“သူတို့က အကုန်ပတ်နေတာ၊ ပျူစောထီးတွေဆိုတော့ **စခန်းတွေကိုလည်း ပတ်တယ်။ ပျူစောထီးခေါင်းဆောင် သီတာယုမွန်ဆီလည်း ရောက်တယ်။ သတင်းရလို့ ကျနော်တို့က မြို့ထဲကို ပြောက်ကျားနည်းနဲ့ကပ်တာ၊ သူတို့လာတဲ့လမ်းမှာ ကျနော်တို့စောင့်ကြိုပြီး တိုက်ခိုက်တယ်။ ၂ ဦးလုံးကတော့ ပွဲချင်းပြီးသေတယ်။ ရပ်ကွက်ထဲဆိုတော့ သူတို့ဘက်က တပ်ကူအင်အားရောက်လာလို့ သူတို့သေနတ်တော့ မကောက်နိုင်ခဲ့ဘူး။” လို့ Fighter Guerrilla Force မိုင်းတာဝန်ခံက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို Fighter Guerrilla Force၊ Anyar Federal Task Force နဲ့ 8 Stars မြင်းခြံပြောက်ကျားတပ်ဖွဲ့ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး တိုက်ခိုက်မှုအတွင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆုတ်ခွါတဲ့ဘက်ကို စစ်ကောင်စီတပ်ဖွဲ့ဘက်က ဟောင်ဝစ်ဇာနဲ့ ပစ်ခတ်ခဲ့ပေမယ့် ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွါနိုင်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၉ ရက်ကလည်း မြင်းခြံမြို့နယ် လယ်သစ်ရွာကနေ စစ်ကြောင်းဖြန့်ထွက်လာတဲ့ စစ်သားနဲ့ ပျူစောထီးအဖွဲ့ဝင်တွေကို Fighter Guerrilla Force အဖွဲ့က လယ်သစ်ရွာအရှေ့ဘက်မှာ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဘက်က ၂ ဦးသေပြီး ၃ ဦးဒဏ်ရာရခဲ့ပါသေးတယ်။

စာတည်း – ကိုချမ်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။