အရာရှိတွေကရိုက်နှက်လို့ ထွက်ပြေးခိုလှုံလာတဲ့တပ်ကြပ်တဦးကို PDF ဆေးကုပေး

0 2
0 2

မကွေး၊ ဖေဖော်ဝါရီ ၁၇၊ ၂၀၂၅။

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အင်ပင်ကျေးရွာစစ်ကောင်စီစစ်ဆေးရေးဂိတ်မှာ တာဝန်ကျနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တပ်ကြပ်တဦး ပခုက္ကူမြို့နယ်အတွင်း အခြေစိုက်လှုပ်ရှားနေတဲ့ Burma Revolution Rangers အဖွဲ့ထံ ဘက်ပြောင်းခိုလှုံလာတယ်လို့ အဲ့ဒီတပ်ဖွဲ့ဆီကသိရပါတယ်။

PDF ထံ ခိုလှုံလာသူဟာ စလင်းအခြေစိုက် ခလရ ၂၅၄ တပ်ရင်းက အသက် ၃၉ နှစ်အရွယ် တပ်ကြပ် စံမိုးဖြစ်ပြီး ဖေဖော်ဝါရီ ၁၆ ရက် နေ့လယ် ၁၂ နာရီလောက်မှာ ၎င်းတာဝန်ကျရာ အင်ပင်ဂိတ်စခန်းကနေ ထွက်ပြေးလာတာကို ဒေသကာကွယ်ရေးအဖွဲ့တွေက သွားရောက်ခေါ်ဆောင်လာတာလို့ ဆိုပါတယ်။

“ ညှဉ်းပန်းနှိပ်စက်ဒဏ်မခံနိုင်ပြီး ထွက်ပြေးလာတယ်လို့ သတင်းရတာကြောင့် သွားကယ်ထုတ်လာတာ။ လက်နက်ခဲယမ်းတော့ မပါဘူး။ ဒီအတိုင်းသူ ကိုယ်လွတ်ရုန်းပြီး ထွက်ပြေးလာတာ။” လို့ Burma Revolution Rangers မှ ရဲဘော်ဒီမိုက ပြောပါတယ်။

စစ်မှုထမ်းသက် ၁၀ နှစ်ကျော်ရှိ တပ်ကြပ် စံမိုးဟာ ၂၀၂၃ ဇန်နဝါရီလမှာ ပခုက္ကူမြို့၊ အင်ပင်ကျေးရွာဂိတ်မှာ စတင်တာဝန်ကျခဲ့တာဖြစ်ပြီး သူတာဝန်ကျစဥ်ကာလတလျှောက် အထက်အရာရှိ ဗိုလ်၂ ဦးက တာဝန်ပျက်ကွက်လို့ဆိုကာ မကြာခဏရိုက်နှက်နှိပ်စက်ကြကြောင်း တပ်ကြပ်စံမိုးက ပြောပါတယ်။

လက်ရှိမှာ အင်ပင်စခန်းကနေ ထိုးကြိတ်ခံထားရတဲ့ဒဏ်ရာတွေနဲ့ ထွက်ပြေးလာတဲ့ တပ်ကြပ် စံမိုး ကို ဆေးကုသမှုပေးထိန်းသိမ်းထားပြီး Burma Revolution Rangers အဖွဲ့ဆီ ဘက်ပြောင်းခိုလှုံလာသူ စုစုပေါင်းစစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးရှိပြီလို့ သိရပါတယ်။

စာတည်း – ကိုချမ်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။