မုံရွာ နမခက ရိက္ခာတင်ယာဥ်တန်း မိုင်းဆွဲခံရ

0 1
0 1

စစ်ကိုင်း၊ ဖေဖော်ဝါရီ ၁၈၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကလာတဲ့ စစ်ကောင်စီရိက္ခာတင် ယာဥ်တန်းကို ဖေဖော်ဝါရီ ၁၇ ရက်မနေ့ကညနေ ၄ နာရီကျော်မှာမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Royal Tiger Force ပြောက်ကျားတပ်ဖွဲ့ဆီက သိရပါတယ်။

ရိက္ခာနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလိုက်လာတဲ့ သံပြားကာကား ၇ စီးကို ချောင်းဦးမြို့နယ်ထဲမှာ ပဒေသာမိုင်း ၁၅ လုံးနဲ့ ၃ ပွိုင့်ခွဲပြီးတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“တတိယမြောက်ကားကိုတော့ ကျနော်တို့ထိထိမိမိ မိုင်းဆွဲနိုင်ခဲ့တယ်၊ စတုတ္ထမြောက်ကားလည်း ထိသွားတယ်၊ တတိယမြောက်ကားကတော့ ပျက်စီးသွားတဲ့အတွက် နတ်ရေကန်ဂိတ်မှာထားခဲ့တယ်၊” လို့ Royal Tiger Force ပြောက်ကျားတပ်ဖွဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ကား ၇ စီးထဲမှ ၆ စီးကတော့ စစ်ကိုင်းဘက်ကိုဆက်သွားပြီး မိုင်းမိတဲ့ ၁ စီးကတော့ နတ်ရေကန်စစ်ကောင်စီ ဂိတ်မှာပဲထားခဲ့တာလို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးတယ်လို့သိရပေမယ့် ဒီသေဆုံးမှုနဲ့ပတ်သက်ပြီး မြေလတ်အသံကသီးခြားအတည်မပြုနိုင်သေးပါဘူး။

ဒီမိုင်းဆွဲတိုက်ခိုက်မှုကို Royal Tiger Force ပြောက်ကျားတပ်ဖွဲ့၊ မုံရွာခရိုင် အမှတ်၁၂ တပ်ရင်း တပ်ခွဲ ၃ လျှပ်စီးတပ်ခွဲ၊ မုံရွာခရိုင် အမှတ် ၁၅ တပ်ရင်း တပ်ခွဲ ၃၊ People Defense Force၊ Nway Oo Brothers Column (နွေဦးညီအကိုများစစ်ကြောင်း) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၃ ရက်ကလည်း မုံရွာမြို့ နမခ ကထွက်လာတဲ့ စစ်ကောင်စီသံပြားကာကား ၃ စီးကို Royal Tiger Force ပြောက်ကျားတပ်ဖွဲ့က ချောင်းဦးနဲ့ မြင်းမူကားလမ်းပိုင်းမှာ ဒရုန်းနဲ့ ဗုံးကြဲချခဲ့ရာ ၉ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရခဲ့ပါသေးတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။