ကညွတ်ကွင်းမှာ အမျိုးသား ၁ ဦး မိမိကိုယ်ကို အဆုံးစီရင်

0 1
0 1

ပဲခူး၊ မေ ၂၆၊ ၂၀၂၃။

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့၊ မြင်ပင်ကျေးရွာမှာ အမျိုးသား ၁ ဦးကြိုးဆွဲချ သေဆုံးသွားတယ်လို့ သိရပါတယ်။

မေလ ၂၅ ရက်နေ့ညနေပိုင်းမှာ မြင်ပင်ကျေးရွာနေ အသက် ၅၉ နှစ်အရွယ် ဦးစိုးသန်းဆိုသူဟာ နေအိမ်အတွင်း ထုပ်တန်းမှာ ကြိုးဆွဲချသေဆုံးသွားတယ်လို့ ဆိုပါတယ်။

“သူက အသောက်အစားရှိတတ်တယ်။ အိမ်မှာကလည်း လင်မယား ၂ ယောက်ဘဲရှိတယ်လို့ သိရတယ်။ သားသမီးတွေကျတော့ ထိုင်းဘက်ကမှာ အလုပ်လုပ်သူရှိသလို ရွာမှာလည်း ရှိကြတယ်လို့ သိရတယ်။ အခုလိုဆွဲကြိုးချသွားတာက မိသားစု အိမ်တွင်းရေးကိစ္စလောက်ပါဘဲ” လို့ ပြောပါတယ်။

ကြိုးဆွဲချသေဆုံးသွားတဲ့ ဦးစိုးသန်းအလောင်းကိုတော့ ဒေလူမှုကူညီရေးအဖွဲ့က ကညွတ်ကွင်းမြို့ဆေးရုံကို ပို့ဆောင်ပေးခဲ့ရတယ်လို့ ဆိုပါတယ်။

မေလ ၂၆ ရက်နေ့ နေ့လယ်ပိုင်းမှာတော့ အလောင်းကိုဆေးရုံကနေ နေအိမ်ကိုပြန်သယ်ပြီး နာရေးကိစ္စအတွက် ပြင်ဆင်နေကြတယ်လို့ သိရပါတယ်။

၂၀၂၀ ခုနှစ် မတ်လ ၁၈ ရက်နေ့က ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့၊ စိုက်တန်းခင်ကျေးရွာက အသက် ၄၈ နှစ်အရွယ် အမျိုးသား ၁ ဦးဟာလည်း ငွေကြေးပြဿနာကြောင့် နေအိမ်အနီး သစ်ပင်မှာ ကြိုးဆွဲချသေဆုံးခဲ့ သေးတယ်လို့ သိရပါတယ်။

စာတည်း – 007

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။