myaelatt athan

Sharing Information to the Local

EAO တွေနဲ့ PDF တွေ လက်နက်စွန့်ပြီး ပါတီနိုင်ငံရေးလမ်းကြောင်းကနေ ရွေးကောက်ပွဲဝင်ဖို့နဲ့ ဒီဇင်ဘာလမှာ ရွေးကောက်ပွဲလုပ်ပြီး အာဏာလွှဲဖို့ဆောင်ရွက်နေတယ်လို့ စစ်ခေါင်းဆောင်ပြော

0
0

မြေလတ်အသံ၊ မတ် ၂၇၊ ၂၀၂၅။

PDF တွေနဲ့ EAO တချို့ လက်နက်စွန့်ပြီး ပါတီနိုင်ငံရေးလမ်းကြောင်းကို ရွေးချယ်ကြဖို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်ပါတယ်။

မတ် ၂၇ ရက် ဒီကနေ့ ညနေပိုင်းမှာပြုလုပ်တဲ့ စစ်ကောင်စီရဲ့ နှစ် ၈၀ ပြည့် တပ်မတော်နေ့မိန့်ခွန်းမှာ အခုလိုထည့်သွင်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။

PDF အဖွဲ့တွေနဲ့ တိုင်းရင်းသားအဖွဲ့တွေအနေနဲ့ လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီး ပါတီနိုင်ငံရေးလမ်းကြောင်းနဲ့ ရွေးကောက်ပွဲလမ်းကြောင်းတွေကတဆင့် နိုင်ငံရေးပြသနာကို နိုင်ငံရေးလမ်းကြောင်းနဲ့သာဖြေရှင်းနိုင်မှာကြောင့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကို အမြဲတမ်းကြိုဆိုလမ်းဖွင့်ထားကြောင်း ထပ်မံအသိပေးတယ်လို့ စစ်ခေါင်းဆောင်က ဆိုပါတယ်။

ဒါ့အပြင် လွတ်လပ်ပြီးတရားမျှတတဲ့ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ အောင်မြင်အောင်ကျင်းပနိုင်ရေးနဲ့ ရွေးကောက်ပွဲကထွက်ပေါ်လာတဲ့ အစိုးရကို နိုင်ငံတော်အာဏာလွှဲအပ်နိုင်ရေး ဦးတည်ထားပြီး ရွေးကောက်ပွဲကို သတ်မှတ်ကာလအတွင်း ပြန်လည်ကျင်းပပေးဖို့ လုပ်ဆောင်နေပြီးဒေသအလိုက် လုံခြုံရေးအပေါ်မူတည်ကာ ရွေးကောက်ပွဲကို ကျင်းပသွားမှာ ဖြစ်တယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

ဒီကနေ့ ပြုလုပ်တဲ့ စစ်ကောင်စီရဲ့နှစ် ၈၀ ပြည့် တပ်မတော်နေ့အခမ်းအနားကို ညနေပိုင်းမှာ ပြုလုပ်ခဲ့ပြီး အင်အား ၇,၀၀၀ ကျော်နဲ့ စစ်ရေးပြခဲ့တယ်လို့ စစ်ကောင်စီလက်အောက်ခံ မီဒီယာတွေမှာ ဖော်ပြထားပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။