မြေလတ်အသံ၊ မတ် ၂၇၊ ၂၀၂၅။
ပဲခူးတိုင်းအတွင်းက ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် – PDF ဗျူဟာ ၂၃ တပ်ဖွဲ့ဝင်တွေ ဒီကနေ့ မတ် ၂၇ ရက် မှာ လမ်းသွားလမ်းလာကားတွေကို စစ်ဆေးရေး ဆောင်ရွက်နေတဲ့ ပုံရိပ်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ-NUGMOD က ထုတ်ပြန်လာပါတယ်။
ဒီကနေ့ မတ် ၂၇ ရက်မှာ စစ်ကောင်စီတပ် နှစ် ၈၀ ပြည့်တပ်မတော်နေ့အခမ်းအနားကို နေပြည်တော် ၊ ဇေယျာသီရိမြို့နယ် စစ်ရေးပြကွင်းးမှာ လုပ်ဆောင်ဖို့ရှိနေတာကြောင့် နေပြည်တော်နဲ့ အနီးတဝိုက်နယ်မြေတွေကို ဝင်ရောက်တဲ့ ရန်ကုန်-မန္တလေး အမြန်လမ်းနဲ့ လမ်းဟောင်းတွေမှာ လုံခြုံရေးတိုးမြှင့်တင်းကျပ်ထားတယ်လို့လည်း စစ်ကောင်စီတပ်အသိုင်းအဝိုင်းထံက သိရပါတယ်။
ဓာတ်ပုံ – NUGMOD