ကုက္ကိုပင်လဲကျလို့ အမျိုးသမီး ၁ ဦးသေဆုံးပြီး သီလရှင် ၁ ပါး အပါ ၃ ဦးဒဏ်ရာရ

0 5
0 5

ပဲခူး၊ မေ ၂၅၊ ၂၀၂၃။

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့၊ မြို့မ ၁ ရပ်ကွက်ရှိ ကမ္မဌာန်းကျောင်းက ကုက္ကိုပင်လဲကျလို့ အမျိုးသမီး ၁ ဦးသေဆုံးပြီး သီလရှင် ၁ ပါး အပါအဝင် ၃ ဦးဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

မေလ ၂၃ ရက် ညနေ ၆ နာရီခန့်မှာ ကမ္မဌာန်းကျောင်းအတွင်းရှိ ကုက္ကိုပင်ဟာ မိုးမရွာလေမတိုက်ဘဲ အမြစ်ကျွတ်ထွက်ပြီး လဲကျခဲ့တာဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“ကုက္ကိုပင်ကြီးက သက်တမ်းလဲ ကြာနေပြီး။ ရှေ့ရက်တွေကလဲ မိုးကောင်းထားတော့ အမြစ်မခိုင်ဘဲ လဲကျသွားတာဖြစ်နိုင်တယ်။ အပင်က လူနေအဆောင်ပေါ်လဲကျတာဆိုတော့ အထဲကလူတွေပိသွားတာ” လို့ ပြောပါတယ်။

သစ်ပင်ပိလို့ ကျောင်းအတွင်း ဝေယျာဝစ္စလုပ်ကိုင်ပေးနေသူ အသက် ၁၈ နှစ်အရွယ် မပန်းအိဇင်မှာ သေဆုံးသွားပြီး အသက် ၅၀ ကျော် ဆရာလေး နန္ဒမာလာ၊ အသက် ၂၀ ကျော်တွေဖြစ်တဲ့ အောင်မင်းခန့်၊ တင်လင်းထိုက်တို့ဟာ မစိုးရိမ်ရဒဏ်ရာတွေ ရသွားတယ်လို့ သိရပါတယ်။

ထိခိုက်ဒဏ်ရာရသူတွေကိုတော့ ဒေသလူမှုကူညီရေးအသင်းတွေက ညောင်လေးပင်ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးထားရတယ်လို့ ဆိုပါတယ်။

အပင်လဲကျလို့ ထိခိုက်ပျက်စီးသွားတဲ့ ကျောင်းဆောင်နဲ့ သစ်ပင်ရှင်းလင်းတဲ့ လုပ်ငန်းတွေကိုတော့ မီးသတ်၊ လူမှုကူညီရေးအသင်းတွေနဲ့ ဒေသခံတွေက ဝိုင်းဝန်းရှင်းလင်းပေးခဲ့ကြတယ်လို့ သိရပါတယ်။

စာတည်း – 007

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။