စစ်ကိုင်းတိုင်းရှိ ရွာ ၂ ရွာကို ယက္ခညီနောင်အဖွဲ့ – မန္တလေး က ၉ မမ လက်နက်ငယ်တွေ ပေးအပ်

0 4
0 4

စစ်ကိုင်း၊ မေ ၂၅၊ ၂၀၂၃။

စစ်ကိုင်းတိုင်းထဲက ကျေးရွာ ၂ ရွာကို ၉ မမ SemiAuto သေနတ်တွေ ပေးအပ်ခဲ့တယ်လို့ ယက္ခညီနောင်အဖွဲ့ – မန္တလေးရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

မေလ ၂၄ ရက် မနေ့ နေ့လယ် ၁၁ နာရီက လုံခြုံတဲ့တနေရာမှာချိန်းဆိုပြီး ကျေးရွာ ၁ ရွာကို Semi Auto သေနတ် ၁၅ လက်နှင့် အခြား ၁ ရွာကို ၅ လက်ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။

“ကျေးရွာသားတွေ စစ်ကောင်စီရန်က ကြိုတင်ကာကွယ်ရန်နဲ့ လုံခြုံရေးတာဝန်ထမ်းဆောင်ရာမှာ အဆင်ပြေဖို့ လိုအပ်ချက်အရ ထောက်ပံ့ပေးခဲ့တာပါ။ ကျနော်တို့ ကိုယ်တိုင်ထုတ်လုပ်ထားတာဖြစ်ပြီး ပစ်မှတ်ကိုပေ ၁၀၀ အကွာထိ ထိမှန်အောင်ပစ်နိုင်ပါတယ်။ ထုတ်လုပ်မှုကုန်ကျစရိတ် တလက်ကို ကျပ် ၂ သိန်းကျပါတယ်။” လို့ ယက္ခညီနောင်အဖွဲ့ တာဝန်ရှိသူကပြောပါတယ်။

ပြီးခဲ့တဲ့နှစ် သြဂုတ်လ ၁ ရက်နဲ့ နိုဝင်ဘာလ ၁ ရက်ကလည်း ယက္ခညီနောင်အဖွဲ့ဟာ စစ်ကိုင်းတိုင်းထဲက ကျေးရွာ ၂ ရွာကို ကိုယ်တိုင်ထုတ် ၉ မမ Semi Auto သေနတ် ၅ လက်စီ ထောက်ပံ့ခဲ့သေးတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ၉ မမ Semi Auto သေနတ်တွေ ထုတ်လုပ်နေပြီး ဆက်သွယ်ပါဝင်ကူညီလိုပါက ယက္ခညီနောင် PDF – Mandalay ရဲ့ Page မက်ဆင်ဂျာကနေ ဆက်သွယ်နိုင်တယ်လို့ သိရပါတယ်။

ယက္ခညီနောင်အဖွဲ့ဟာ လက်နက်ငယ်တွေထုတ်လုပ်မှုအပြင် အခုနှစ် ဧပြီလ ၂၂ ရက်ညနေကလည်း အခြားမဟာမိတ်တွေနဲ့ပေါင်းပြီး စစ်ကိုင်းကနေမုံရွာကို မောင်းနှင်လာတဲ့ စစ်ကောင်စီတပ်သားတွေ လိုက်ပါလာတဲ့ ကားလေး ၂ စီးကို နတ်ခရိုင်ကျေးရွာနဲ့ လယ်ကြီးကျေးရွာကြားကနေ ပဒေသာမိုင်းတွေနဲ့ တိုက်ခိုက်ခဲ့ပါသေးတယ်။

စာတည်း – 007

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။