ဝက်လက်မြို့ပေါ် ကင်းပတ်နေတဲ့စစ်အုပ်စု မိုင်းဆွဲခံရလို့အရာရှိတဦးဒဏ်ရာပြင်းထန်

0 2
0 2

စစ်ကိုင်း၊ မေ ၂၄၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့ပေါ်မှာ ကင်းပတ်နေကြတဲ့ စစ်ကောင်စီတပ်သားတွေ မေလ ၂၄ ရက် ဒီကနေ့ မနက် ၁၁ နာရီကျော်မှာ တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်အရာရှိတဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

ကား ၁ စီး၊ ဆိုင်ကယ် ၂ စီး စီးနင်းပြီး အင်အား ၁၀ ဦးကျော်နဲ့ ပတ်ကင်းပတ်နေတဲ့စစ်အုပ်စုကို ဝက်လက်မြို့၊ စတားလမ်းကွေ့အရောက်မှာ တောကြီးမြွေပွေးအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ရွှေဘိုခရိုင်တပ်ရင်း(၂)မှ တာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။

“ဗိုလ်မှာ ဒဏ်ရာရသွားတာက ခြေသလုံးကြွက်သားတွေ ပွင့်ထွက်သွားတာ။သူဒဏ်ရာရတာကို မျက်မြင် တွေ့သူတွေနဲ့ဖရဲသီးတွေရဲ့ပြောကြားချက်အရအတည်ပြုနိုင်ခဲ့တာ။ ဗိုလ်ရဲ့ အသေးစိတ်အချက် အလက်ကိုတော့သိဖို့ခက်တယ်” လို့ ပြောပါတယ်။

ဒဏ်ရာရသွားသူမှာ အသက် ၃၀ ကျော်အရွယ် ဗိုလ်အဆင့်ရှိသူဖြစ်ပြီး လက်ရှိမှာသူ့ကို မြို့ပေါ်တပ်ရင်းတခုမှာ ဆေးကုသထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် မေလ ၂၃ ရက် မနေ့ ညနေ ၄ နာရီကျော်မှာလည်း လှတောရဲစခန်းကနေ ဝက်လက်မြို့ပေါ်ကို ခြေလျင်လာတဲ့ အင်အား ၇၀ ကျော်ပါ စစ်ကြောင်းကို ပင်းဇင်းကျေးရွာအနီးမှာ People’s Servant Revolution(Wetlet)အဖွဲ့နဲ့ နယ်မြေခံပကဖတွေက မိုင်းဆွဲပြီးထိတွေ့ပစ်ခတ်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား၂ဦး ဒဏ်ရာရရှိခဲ့တယ်လို့ တပ်ရင်း(၂)မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

အဲဒီတိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်သားတွေဟာ လှတောကျေးရွာရဲစခန်းတိုက်ခိုက်ခံရတာကြောင့် ရွှေဘိုကနေ စစ်ကူရောက်ရှိလာကြတဲ့ တပ်သားတွေဖြစ်ကြပြီး တပ်အမှတ်အသားတွေကိုတော့ မသိရှိရဘူးလို့ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောဆိုကြပါတယ်။

စာတည်း – ရင်ငြိမ်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။