⁨မလှိုင်နယ်မှာ စက်တပ်လေထီးနဲ့ဗုံးကြဲခံရလို့ သက်ကြီးပိုင်း ၁ ဦးဒဏ်ရာရပြီး နေအိမ် ၇ လုံးပျက်စီး

0 6
0 6

မလှိုင်၊ ဒီဇင်ဘာ ၂၉၊ ၂၀၂၅။

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ ထနောင်းကိုင်းကျေးရွာမှာ စက်တပ်လေထီးနဲ့ဗုံးကြဲခံရလို့ သက်ကြီးပိုင်းအမျိုးသား ၁ ဦးဒဏ်ရာရပြီး နေအိမ် ၇ လုံးပျက်စီးသွားတယ်လို့ မလှိုင်မြို့နယ်ပကဖတာဝန်ရှိသူတွေဆီက သိရပါတယ်။

ဒီဇင်ဘာ ၂၈ ရက် မနက် ၁ နာရီခန့်မှာ မိတ္ထီလာလေတပ်ကနေ တက်လာတဲ့ စက်တပ်လေထီး ၃ စီးက ကျေးရွာထဲကို ဗုံး ၆ လုံးကြဲချခဲ့တာလို့ ဆိုပါတယ်။

“နေအိမ်ထဲအိပ်နေချိန် ထိတာ။ ရွာထဲကို ၄ လုံးကျတာ။ ရွာပြင်ကို ၂ လုံးကျတာ။ ရွာခံတွေတော့ ထွက်ပြေးတာမရှိကြဘူး။” လို့ မလှိုင်မြို့နယ်ပကဖတာဝန်ရှိသူတဦးက ပြောပါတယ်။

ကျေးရွာထဲ ဗုံးကျပေါက်ကွဲလို့ အသက် ၇၀ အရွယ် ဦးကံသောင်း ဆိုသူ လက်နဲ့ခြေထောက်မှာ မစိုးရိမ်ရဒဏ်ရာရခဲ့ကာ လက်ရှိမှာတော့ နီးစပ်ရာမှာ ဆေးကုသမှုခံယူနေပြီး ရွာခံတွေ ကျေးရွာကနေ ထွက်ပြေးတိမ်းရှောင်တာမျိုးမရှိပေမယ့် စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နေအိမ် ၃ လုံးပြိုကျ ၄ လုံး အမိုးလန်ပျက်စီးခဲ့ကာ နွားတင်းကုပ် ၃ လုံးပျက်စီးပြီး နွား ၃ ကောင်သေဆုံးသွားတယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာ ၂၆ ရက်ကလည်း မြင်းခြံမြို့နယ်၊ ကျောင်းဖြူကန်ကျေးရွာကို စစ်ကော်မရှင်ဘက်က လေကြောင်းကနေ ဗုံးကြဲခဲ့လို့ အမျိုးသမီး ၁ ဦးသေ ၁ ဦးဒဏ်ရာရခဲ့သေးတယ်လို့ သိရပါတယ်။

သတင်း – ကျော်ကြီး

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။