မီးရှို့ခံရတဲ့ အညာဒေသက ပြည်သူတွေ မှတ်ပုံတင်မရှိလို့ ဖုန်းဆင်းကဒ်မှတ်ပုံတင်ရန် အခက်ဖြစ်နေ

0 1
0 1

မကွေး၊ မေ ၂၃၊ ၂၀၂၃။

အညာဒေသက ပြည်သူတွေရဲ့ နေအိမ်တွေကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးသွားခဲ့ရာမှာ မှတ်ပုံတင်နဲ့ သန်းခေါင်စာရင်းတွေပါ မီးထဲလောင်ကျွမ်းပျောက်ဆုံးခဲ့တာကြောင့် မိုဘိုင်းဆက်သွယ်ရေးကုမ္ပဏီတွေက ဖုန်းဆင်းကဒ်တွေကို မှတ်ပုံတင်ဖို့ အကြောင်းကြားလာတဲ့အခါမှာ မှတ်ပုံတင်ဖို့ အခက်ဖြစ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

မိုဘိုင်းဆက်သွယ်ရေး ကုမ္ပဏီတွေဖြစ်ကြတဲ့ MPT ၊ Atom ၊ Ooredoo ကုမ္ပဏီကနေ မေလ ၂၇ ရက်နောက်ဆုံး ထားပြီး ဖုန်းဆင်းကဒ်တွေကို ပြန်လည်မှတ်ပုံတင်ခိုင်းနေတာမှာ ပြည်သူတွေ အခက်ကြုံနေရတာဖြစ်တယ်လို့ စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်က ဒေသခံတွေကဆိုပါတယ်။

“တချို့ပြည်သူတွေဆိုရင် စစ်ကြောင်းလာရင် ထွက်ပြေးကြရတယ်။ ပြေးရင်း စကစတွေနဲ့တွေ့လို့ သူတို့ရဲ့ အထုပ်လေးတွေကို လုယူသွားတဲ့အခါ မှတ်ပုံတင်တွေပါ ပါသွားကြတာ။ နောက်ပြီး မီးရှို့လို့ နေအိမ်တွေ မီးလောင်တဲ့အထဲမှာ မှတ်ပုံတင်တွေ၊ အိမ်ထောင်စုစာရင်းတွေနဲ့ အခြားအရေးကြီး စာရွက်စာတမ်းတွေပါ ပါကုန်တယ်။ ဘယ်လိုဆက်လုပ်ရမလဲဆိုတာတော့မသိတော့ပါဘူး” မြင်းမူမြို့နယ်က ဒေသခံတဦးက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီလက စတင်ပြီး Atom ဆက်သွယ်ရေးကုမ္ပဏီကနေ ဖုန်းဆင်းကဒ်တွေ မှတ်ပုံတင်ဖို့ အကြောင်းကြား စာတွေကို Message ကနေတဆင့်အကြောင်းကြားခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ဒေသခံတွေအနေနဲ့ ဆင်းကဒ် မှတ်ပုံတင်ဖို့အဆင်မပြေနိုင်တဲ့အတွက် ဆက်သွယ်ရေးတွေ ပြတ်တောက်ပြီး တခြားစီးပွားရေးလုပ်ငန်းတွေပါ ထိခိုက်လာမှာကို စိုးရိမ်နေတယ်လို့ မြင်းမူမြို့ခံတွေက ဆိုပါတယ်။

စာတည်း – လင်းဇေ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။