ရွာကို လက်နက်ကြီးနဲ့ပစ်မယ်ဆိုပြီး စစ်ကောင်စီတပ်က ခြိမ်းခြောက်ငွေတောင်းသွား

0 1
0 1

ပဲခူး၊ မေ ၂၁၊ ၂၀၂၃။

ပဲခူးတိုင်း(အနောက်ခြမ်း)၊ ပဲခူးရိုးမတောင်ခြေမှာစစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်က ကျေးရွာတရွာကို ဝင်ရောက်ခြိမ်းခြောက်ကာ ငွေတောင်းခံခဲ့တာကြောင့် ငွေကျပ် ၂၅ သိန်းပေးလိုက်ရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

အင်အား ၅၀ လောက်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းရဲ့ စစ်ကြောင်းမှူးက မေလ ၁၅ ရက်မှာ ကျေးရွာလူကြီးကတဆင့် ငွေတောင်းယူခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

“ပထမဆုံးတောင်းတာက သိန်း ၃၀ ပေးရမယ် မပေးရင်ရွာကို လက်နက်ကြီးနဲ့ပစ်မယ်ပြောတာ၊ အဲ့ဒါညှိနိုင်းရင်းနဲ့ ၂၅ သိန်းနဲ့တည့်သွားတာ၊ တအိမ်ကို ငွေ နှစ်သောင်းခွဲစီစုပြီးပေးလိုက်ရတာ၊ ရွာလူကြီးကစစ်တပ်ယာယီအထိုင်ချတဲ့ နေရာကိုသွားပေးလိုက်ရတာ၊ ငွေကိုဘယ်သူက လက်ခံယူလည်းဆိုတာတော့မသိရဘူး၊ မရှိတဲ့ကြားက ရွာပျက်မှာကြောက်လို့သွားပေးရတာ” လို့ ဒေသခံတဦးက ပြောပါတယ်။

ယခင်စစ်ကြောင်းတွေဟာ ကျေးရွာတွေကိုဝင်ရောက်တာမျိုးရှိပေမယ့် ခြိမ်းခြောက်ငွေတောင်းခံတာမျိုးမရှိပဲ အခုလိုငွေပေးလိုက်တာကြောင့် အကျင့်ပါသွားမှာစိုးရိမ်တယ်လို့ သူကဆက်ပြောပါတယ်။

ငွေကျပ် ၂၅ သိန်းပေးလိုက်ရတဲ့ ကျေးရွာသားတွေဟာ ဘိုးဘွားစဥ်ဆက် ပဲခူးရိုးမအစပ်မှာ တောင်ယာစိုက်ပျိုးရေးလုပ်ကိုင်ကာ အသက်မွေးနေကြသူတွေလည်း ဖြစ်ပါတယ်။

လက်ရှိမှာပေါင်းတည်မြို့နယ်ထဲက ပဲခူးရိုးမအစပ်မှာ စစ်ကောင်စီတပ်ကအင်အား ၁၀၀ ဝန်းကျင်ကို စစ်ကြောင်း ၂ ကြောင်းခွဲပြီး စစ်ကြောင်းထိုးနေသလို ဒေသခံကာကွယ်ရေးတပ်တွေကလည်း မကြာခဏပြောက်ကျားတိုက်ခိုက်တာ မိုင်းဆွဲတိုက်ခိုက်တာတွေလည်းရှိနေပါတယ်။

ပြီးခဲ့တဲ့မေလ ၇ ရက်၊ ၁၂ ရက်၊ ၁၃ ရက်နဲ့ ၁၅ ရက်နေ့တွေကလည်း ပဲခူးရိုးမအစပ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်သားတွေကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်တာ၊ လက်နက်ငယ်တွေနဲ့ တိုက်ခိုက်တာတွေရှိခဲ့လို့ စစ်ကောင်စီဘက်က သေဆုံးထိခိုက်မှုတွေရှိခဲ့ပါသေးတယ်။

စာတည်း-007

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။