စစ်ကိုင်း၊ မေ ၁၉၊ ၂၀၂၃။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ မိုခါမုန်တိုင်းကြောင့် ရေဘေးသင့်ခဲ့ရတဲ့ပြည်သူတွေကို အညာပစ် တိုင်းထောင်လေးများအဖွဲ့က မေလ ၁၈ ရက် မနေ့ကညနေ ၄ နာရီခန့်မှာ စားသောက်ကုန်အချို့ သွားရောက် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
ကျေးရွာ ၂ ရွာက ရေဘေးသင့်အိမ်ခြေ ၆၁၀ ကိုသွားရောက်လှူဒါန်းခဲ့တာဖြစ်ပြီး တအိမ်အတွက် ရေသန့် ၁ ဗူး၊ ကြက်ဥ ၂ လုံး၊ အသားတု၊ ခေါက်ဆွဲ ၂ ထုပ် ၊ ငါးသေတ္တာ ၁ ဗူးနဲ့ ဆပ်ပြာမူန့် ၁ ထုပ်ဆီလှူဒါန်းခဲ့တာလို့ ဆိုပါတယ်။


အဲဒီလှူဒါန်းမှုမှာ အညာပစ်တိုင်းထောင်လေးများအဖွဲ့နဲ့အတူ Western Chindwin Association (WCA)၊ Beyond The Chindwin Organization (BCO) တို့ပါဝင်တယ်လို့ သိရပါတယ်။
မေ ၁၄ ရက်ညပိုင်းက မုန်တိုင်းမိုးကြောင့် ယမားချောင်းရေမြင့်တက်တာနဲ့ မြောက်ယမား ဆည်လက်တံကျိုးတာကြောင့် ထန်းတောကြီး၊ ရေကြည်ပင်၊ ကျေးစာကျရွာအပါအဝင် ကျေးရွာ ၁၀ ရွာထက်မနည်း ရေနစ်မြုပ်ခဲ့ပြီး နေအိမ်တွင်းမှပစ္စည်းတွေ ရေမျောပျောက်ဆုံးခဲ့တာလည်းဖြစ်ပါတယ်။


စာတည်း-ရင်ငြိမ်း