စစ်ရှောင်တွေ အဓိကအသုံးပြုနေတဲ့ တံတားတစင်း ရေစီးကြောင့် မျောပါပျက်စီး

0 2
0 2

စစ်ကိုင်း၊ မေ ၁၆၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်နဲ့ ရေဦးမြို့နယ်ကိုကူးနိုင်ဖို့ မူးမြစ်ကိုဖြတ်ပြီး ဆက်သွယ် ဆောက်လုပ်ထားတဲ့ ယာယီတံတားတစင်းဟာ မေလ ၁၆ ရက်ဒီကနေ့မနက်ပိုင်းမှာ ရေစီးအားပြင်းထန်တဲ့အတွက် တံတားအလယ်ကနေ မျောပါပျက်စီးခဲ့တယ်လို့ ဒေသခံတွေ ဆီကသိရပါတယ်။

အဲ့ဒီတံတားဟာ စစ်တပ်က စစ်ကြောင်းထိုးရင် စစ်ရှောင်တွေအလွယ်တကူ တိမ်းရှောင်နိုင်ဖို့ ဒေသခံကာကွယ် ရေးတပ်တွေက ဆောက်လုပ်ပေးထားတဲ့ တံတားဖြစ်ပြီး မုန်းတိုင်းဒဏ်ကြောင့် ခုလို ပျက်ဆီးခဲ့တာလည်း ဖြစ်ပါတယ်။

“ခင်ဦးနယ်အနောက်ခြမ်းကို စစ်ကြောင်းထိုးရင် အခုတံတားကိုအသုံးပြုပြီး ရေဦးမြို့နယ်ဘက်ကို စစ်ရှောင်ရတယ်။ ရေဦးနယ်ဘက်ကို စစ်ကြောင်းထိုးလာရင် အဲဒီတံတားကနေ ခင်ဦးနယ်ဘက်ခြမ်းကို ရှောင်လာတယ်။ အခုတံတားက ရေထဲကို ဗေဒါပုံတွေ၊ ဒိုက်ပုံတွေနဲ့တိုက်ပြီး ရေစီးကြောင်း အားကောင်းလို့ တံတားအလယ်ကနေ ကျိုးပြီးမျောပါသွားတယ်”လို့ KDK – Khin U Dog Killers မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

အဲ့ဒီတံတားကိုအားထားပြီး ထွက်ပြေးတိမ်းရှောင်နေရတဲ့ ခင်ဦး နဲ့ ရေဦးမြို့နယ်ထဲက ကျေးရွာတွေအပါအဝင် ရွာပေါင်း ၂၀ က ဒေသခံတွေဟာ အခုချိန်မှာ စစ်တပ်က စစ်ကြောင်းထိုးလာမှာကို စိုးရိမ်နေကြပါတယ်။
အဲ့ဒီ ယာယီစစ်ရှောင်တံတားကို ဆောက်လုပ်ထားတာဟာ တနှစ်ကျော်လောက် ရှိပြီး၊ အဲဒီတံတားကို စစ်ကောင်စီတပ်ဖွဲ့တွေက ၂၀၂၂ ခုနှစ်မှာ တကြိမ်၊ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်မှာတကြိမ် စုစုပေါင်း ၂ ကြိမ်တိတိ မီးရှို့ဖျက်စီးတာတွေလည်း လုပ်ခဲ့သေးတယ်လို့ သိရပါတယ်။

“အဲဒီတံတားက အရင်စစ်ကြောင်းတွေတုန်းက စစ်ရှောင်ပြည်သူတွေ အခက်အခဲဖြစ်အောင် (စစ်တပ်က) ဖျက်ဆီးခဲ့တာတွေရှိတယ်။ သူတို့ဖျက်ဆီးသွားတာတွေကို ကာကွယ်ရေးတပ်ဖွဲ့တွေက ယာယီပြန်ပြီး ဆောက်လုပ်ပေးထားတာပါ။ အဲဒီတံတားက ဝါးတွေ၊ ကပ်တွေနဲ့ ဆောက်လုပ် ထားတာပါ” လို့ People’s Defence Comrade မှ ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား)က ပြောပါတယ်။

လက်ရှိမှာတော့ အဲ့ဒီတံတားကို ကာကွယ်ရေးတပ်အချို့နဲ့ ဒေသခံတွေစုပေါင်းပြီး ရေထဲမျောပါသွားတဲ့ တံတားအပိုင်းအစတွေကို ပြန်လည်ဆည်ယူပြီး တံတားကို ပြန်လည်ပြုပြင်နေတယ်လို့လည်း သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။