မုန်တိုင်းအရှိန်ကြောင့် မုံရွာမှာ မိုးသည်းပြီး သစ်ပင်တွေလဲလို့ လမ်းတွေပိတ်

0 1
0 1

စစ်ကိုင်း၊ မေ ၁၄၊ ၂၀၂၃။

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ပေါ်ရပ်ကွက်တွေမှာ မုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာ ရွာပြီး နှစ်ချို့သစ်ပင်တွေလဲတဲ့အတွက် လမ်းပိတ်တာတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

မေလ ၁၃ ရက်မနေ့ညဦးပိုင်းကတည်းကစတင်ကာ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး မေလ ၁၄ ရက် ဒီနေ့ မနက် ၂ နာရီလောက်မှာ သစ်ပင်ကြီးတွေလဲ လမ်းပိတ်တာတွေဖြစ်ပေါ်ခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။

“မိုးကတော့ ညကတည်းက ကောင်းကောင်းရွာနေတာ။ လေတအားတိုက်တာတော့မရှိဘူး။ ကျနော်တို့နားမှာဆို နှစ် ၃၀ ကျော်လောက်ရှိတဲ့ တမာပင်တွေလဲပြီး လမ်းပိတ်တာတွေဖြစ်တယ်။ အခြားနေရာမှာလဲ အမြစ်မခိုင်တဲ့ သစ်ပင်ကြီးတွေလဲတာတွေတော့ ရှိတယ်။ ရဲဝန်ထမ်းလိုင်းခန်းတွေ ဘက်မှာလဲ သစ်ပင်လဲပြီး လိုင်းခန်းတွေပေါ်ကျတယ်လို့တော့ သိရတယ်”လို့ ပြောပါတယ်။

မိုးသည်းထန်စွာရွာလို့ ဖုန်းဆိုးရပ်ကွက်၊ ကျောက္ကာလမ်း၊ ရုံးကြီးရပ်ကွက် သစ်တောလမ်း၊ ရုံးကြီးရပ်ကွက်၊ ဘူတာလမ်း စတဲ့နေရာတွေက တမာနဲ့ ကုက္ကိုင်ပင်ကြီးတွေ လဲကျခဲ့တာလို့ ဆိုပါတယ်။

သစ်ပင်တွေလဲကျလို့ နေအိမ်ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့ပြီး အခြေနေအသေးစိတ်ကိုတော့ လတ်တလောမှာ မသိရှိရသေးဘူးလို့လည်း ဒေသခံတဦးက ပြောပါတယ်။

လက်ရှိ မိုခါမုန်တိုင်းဟာ ရခိုင်ကမ်းရိုးတန်းကို ဦးတည်တိုက်ခတ်လျှက်ရှိနေပြီး စစ်ကိုင်း၊ မကွေး၊ ဧရာဝတီ၊ မန္တလေးတိုင်း နဲ့ ကချင်ပြည်နယ် စတဲ့ဒေသတွေကို ကုန်းတွင်းမုန်တိုင်းအဖြစ် ဝင်ရောက်နိုင်တယ်လို့လည်း မိုးလေဝသပညာရှင်အချို့က ခန့်မှန်းပြောဆိုထားပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။