တနှစ်ကျော်ကြာ စစ်မီးသင့်အိမ်ထောင်စု ၁၀၀ ကျော်အတွက် S & C က စားသောက်ကုန်တွေလှူဒါန်း

0 2
0 2

စစ်ကိုင်း၊ မေ ၁၁၊ ၂၀၂၃။

စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင်အတွင်းက ကျေးရွာတရွာမှာ မီးဘေးရှောင်နေရတဲ့ အိမ်ထောင်စု ၁၀၀ ကျော်အတွက် S & C မီးဘေးစစ်ဘေးပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့ က မေလ ၁၀ ရက်နေ့က အခြေခံစားသောက်ကုန်တွေကို လှူဒါန်းခဲ့ပါတယ်။

တနှစ်ကျော်တဲ့အထိ မီးဘေးရှောင်နေရတဲ့ပြည်သူတွေဟာ စားဝတ်နေရေးခက်ခဲလာတဲ့အတွက် သွားရောက်လှူဒါန်းရခြင်းဖြစ်ကြောင်း နဲ့ သွားရောက်လှူဒါန်းချိန်မှာလည်း နယ်မြေခံတွေနဲ့ညှိနှိုင်းတိုင်ပင်ပြီး ခက်ခက်ခဲခဲသွားရောက် လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်းကိုလည်း S & C မှ တာဝန်ရှိသူက ပြောပါတယ်။

“အခုက မီးဘေးသင့်ပြည်သူတွေက နေထိုင်စားသောက်မှုအဆင်မပြေလို့ ကျနော်တို့က ဆန်၊ ဆီ ၊ ဆားတွေသွားရောက်လှူဒါန်းခဲ့တာပါ။ သယ်ယူပို့ဆောင်ရေးတွေခက်ခဲတဲ့ကြားရအောင်လှူဒါန်းခဲ့တာပါ။ များသောအားဖြင့်ကျေးလက်ဒေသတွေမှာ အခုကအခက်အခဲဖြစ်နေကြတယ်။ စားဖို့တောင်အနိုင်နိုင်ရုန်းကန်နေရတဲ့ အဆင့်ပေါ့နော် တချို့လည်းဆန်စပါးမီးလောင်သွားတာဖြစ်တဲ့အတွက် ဘယ်လိုမှပြန်ပြီးရပ်တည်လို့မလွယ်ဘူးပေါ့ အဲ့လိုအနေအထားမျိုးတွေကြောင့် ကျနော်တို့အခုလိုကူညီဖြစ်တာပါ။” လို့ ဆိုပါတယ်။

ထပ်မံလှူဒါန်းဖို့ကျန်ရှိနေတဲ့ မီးဘေးရှောင်၊ စစ်ဘေးရှောင်တွေကိုလည်း အိမ်ထောင်စု ၅၀၀၀ ပြည့်တဲ့အထိ ဆက်လက်လှူဒါန်းသွားမှာဖြစ်ကြောင်းနဲ့ မေလအတွင်းမှာပဲ မီးဘေးရှောင်၊ စစ်ဘေးရှောင်တွေအတွက် မီးရရှိရေးကို ဆက်လက်လုပ်ဆောင်သွားမယ်လို့လည်း အထက်ပါတာဝန်ခံက ဆိုပါတယ်။

“ကျနော်တို့ ပြီးခဲ့တဲ့လကတည်းက အိမ်ထောင်စု ၅၀၀၀ ဝေမယ်လို့ကျနော်တို့သတ်မှတ်ထားတာ အခုကျနော်တို့လှူရင်းလှူရင်းနဲ့ အိမ်ထောင်စု ၁၅၀၀ကျော်ခဲ့ပြီ၊ လှူဒါန်းမှုတွေကအများကြီးကျန်ရှိနေပါသေးတယ်။ ဘတ်ဂျက်အပေါ်ကြည့်ပြီးတော့ ထပ်ပြီးလှူဒါန်းအုံးမှာပါ။ ဒီလထဲမှာ အိမ်ခြေ ၁၀၀ အတွက်မီးလင်းရေးကို လုပ်ဆောင်သွားဖို့ရှိပါတယ်” လို့ဆိုပါတယ်။

မေလ ၉ ရက်နေ့ကလည်း S & C ကူညီစောင့်ရှောက်ရေးအဖွဲ့ဟာ ရွှေဘိုခရိုင်အတွင်းမှာရှိတဲ့ စစ်ရှောင်စာသင်ကျောင်း ၁၃ ကျောင်းမြောက်ကို အောင်မြင်စွာဆောက်လုပ်ပေးခဲ့ပါတယ်။ ထပ်မံပြီးတော့လည်း စစ်ရှောင်စာသင်ကျောင်း ပိုမိုဖွင့်လှစ်နိုင်ဖို့အတွက် ထပ်မံကြိုးစားသွားမယ်လို့လည်း သိရပါတယ်။

စာတည်း -007

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။