ပခုက္ကူတိုက်ပွဲအတွင်း စစ်သား ၁ ဦးကိုအရှင်ဖမ်းဆီး

0 13
0 13

ပခုက္ကူ၊ ဒီဇင်ဘာ ၄၊ ၂၀၂၅။

မကွေးတိုင်း၊ မြိုင်မြို့နယ်ကထွက်လာတဲ့ စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ချိန် စစ်ကော်မရှင် တပ်သား ၁ ဦးကိုဖမ်းမိပြီး လက်နက်ခဲယမ်းတချို့ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ Earthquake People’s Defence Force ဆီက သိရပါတယ်။

မြိုင်မြို့ပေါ်ကနေထွက်လာတဲ့ အင်အား ၁၀၀ ဝန်းကျင်ပါ တပ်မ ၉၉ ကစစ်ကြောင်းကို ဒီဇင်ဘာ ၂ ရက်မနက် ၁၀ နာရီဝန်ကျင်က တကြိမ်၊ ညနေ ၅ နာရီဝန်းကျင်ကမှာ တကြိမ် ပခုက္ကူမြို့နယ်အစပ်မှာပဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ပခုက္ကူနဲ့ မြိုင်နယ်ထဲကို ထိုးနေတဲ့စစ်ကြောင်းပေါ့၊ တပ်မ ၉၉ စစ်ကြောင်းလို့ သိရပါတယ်။ ပခုက္ကူနဲ့ မြိုင်နယ်အစပ်မှာ ဒရုန်းနဲ့ ဗုံးသီးချတယ်။ လက်နက်ငယ်တွေနဲ့လည်း ပစ်ခတ်ခဲ့တယ်။ အရှင် ၁ ဦး ဖမ်းမိတယ်၊ ထိခိုက်ဒဏ်ရာရတာက ၂၀ ဝန်းကျင်ရှိတယ်” လို့ Earthquake People’s Defence Force တာဝန်ရှိသူတဦးက ပြောပါတယ်။

စစ်ကော်မရှင်တပ်တွေထွက်ကျခဲ့တဲ့ RPG အဖူး၊ ၆၀ မမ ၂ ဖူးနဲ့ အသုံး အဆောင်ပစ္စည်းတချို့ကိုလည်း သိမ်းဆည်းရရှိခဲ့ပြီး ဖမ်းမိတဲ့တပ်သားကိုတော့ လက်ရှိမှာ စစ်ဆေးမေးမြန်းနေဆဲလို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို Earthquake People’s Defence Force၊ ပခုက္ကူခရိုင် Local တပ်ရင်း ၁ (PDLB)၊ MGY PDF၊ Kanma Underground Force (ကမ္မတပ်ပေါင်းစု) နဲ့ မြိုင်ပကဖတို့ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး လက်ရှိမှာစစ်ကြောင်းက ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ ထဲကိုရောက်ရှိနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၆ ရက်ကလည်း ပခုက္ကူမြို့နယ်၊ တင်းဂါတ်ရွာက ပျူစောထီးတွေကို Earthquake People’s Defence Force ဝင်ရောက်တိုက်ခိုက်ခဲ့ပါသေးတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။